မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေဘဝတာမှာ ကျန်းမာရေးတိုးတက် ကောင်းမွန်စေဖို့ အရေးပေါ်ဆောင်ရွက်ပေးသင့်ပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။ လူ့အဖွဲ့အစည်းမှာ လူနေမှုအဆင့်အတန်း နိမ့်ကျတဲ့အတွက် ခွဲခြားဆက်ဆံခံရမှုကြောင့် ကမ္ဘာတဝှမ်းမှာ မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေဟာ ကျန်းမာရေးပြုစုစောင့်ရှောက်မှု ခံစားခွင့် မရရှိကြဘူးလို့ WHO အစီရင်ခံစာသစ်က ဆိုထားပါတယ်။ ဒီအကြောင်း ဂျနီဗာကနေ ဗွီအိုအေ သတင်းထောက် Lisa Schlein ပေးပို့ထားတဲ့ ဆောင်းပါးကို အခုတပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။