မြန်မာနိုင်ငံကို မကြာခင်က သွားရောက်လည်ပတ်ခဲ့တဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့ဒ် ကမ်းဘလ် (Kurt Campbell) နဲ့ တွေ့ဆုံပြောဆိုခဲ့ရတာကို ကျေနပ်မှုရှိတဲ့အကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရှေ့ နေ ဦးဥာဏ်ဝင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နိုဝင်ဘာလ(၉) ရက်နေ့ တွေ့ဆုံခဲ့တုန်း အခုလို ပြောဆိုတာ ဖြစ်ပါတယ်။ အကြောင်းစုံကို မမေငြိမ်း, က တင်ပြထားပါတယ်။