သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ တိကျတဲ့ သတ်မှတ်ချက် မရဘဲ APEC အစည်းအဝေး အဆုံးသတ်


<!-- IMAGE -->

ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာ ဒိုဟာဆွေးနွေးပွဲတွေကို ၂၀၁၀ ပြည့်နှစ်မှာ အဆုံးသတ်ကြဖို့ ကတိကဝတ် ပြုထားတဲ့ ထုတ်ပြန်ချက် တစောင်နဲ့အတူ စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး အဆုံးသတ် သွားပါပြီ။ ဒါပေမဲ့ ကာဘွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး ရည်မှန်းချက်ကိုတော့ ထုတ်ပြန်ချက်ထဲကနေ ခေါင်းဆောင်တွေ ဖယ်ပစ်ခဲ့ကြပါတယ်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဟာ ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တခုဖြစ်တယ်ဆိုတာ ကြေညာခဲ့ကြပေမဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၂၀၅၀ ပြည့်နှစ်မှာ ထက်ဝက်လျှော့ချဖို့ဆိုတဲ့ ရည်မှန်းချက်ကိုတော့ အာရှ ပစိဖိတ် ၂၁ နိုင်ငံ ခေါင်းဆောင်တွေ တက်ရောက်တဲ့ ထိပ်သီးအစည်းအဝေးက ချန်ထားခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးရဲ့ လိုအပ်ချက်တွေကို ပြည့်မီဖို့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ အသစ်တရပ် လိုအပ်တယ်ဆိုတာ အေးပက် (APEC) အဖွဲ့က သဘောတူခဲ့ကြပါတယ်။ စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong) က ထုတ်ပြန်ချက်ပါ အချက်တွေကို အေးပက် ခေါင်းဆောင်တွေကို ဖတ်ပြခဲ့ပါတယ်။

ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ ပုံသဏ္ဌာန် အားလုံးကိုလည်း အေးပက်ခေါင်းဆောင်တွေက ပယ်ချလိုက်ပြီး ဒိုဟာ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေကို နောက်နှစ်မှာ အဆုံးသတ်ဖို့ ကတိပြုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG