သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးမတိုးတဲ့ တီဘီပိုး တိုက်ဖျက်ရေး အလားအလာကောင်းရှိ


နိုဝင်ဘာ ၁၁၊ ၂၀၀၉။ ကမ္ဘာပေါ် ပျံနှံနေတဲ့ တီဘီအဆုတ်နာ ရောဂါဆိုးကို ထိန်းချုပ်နိုင်ဖို့ နိုင်ငံတကာကြိုးပမ်းဆောင်ရွက်ချက်တွေဟာ ဒီရောဂါပိုး သတ်ဆေးနဲက ရောဂါပိုး ယဉ်ပါးမှုတွေ ဆေးမတိုးတော့တာတွေကြောင့် နှောင့်နှေးမှုတွေ ကြုံလာရပါတယ်။ ဒါပေမယ့်လည်း ပဋိဇီ၀ ပိုးသတ်ဆေးကို စနစ်တကျ စီစဉ် ဂရုထားကုသပေးတာကြောင့် တီဘီ ရောဂါပိုး တိုက်ဖျက်ရေးအစီအစသ်တွေ အောင်မြင်မှုတွေ ပြန်ရလာတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။

ပဋိဇီ၀ ပိုးသတ်ဆေးကို စနစ်တကျ မသုံးတာတွေကြောင့် တီဘီရောဂါမှာ ဆေးမတိုးတော့တဲ့ရောဂါမျိုးတွေ ပေါ်လာရတာပါ။ တီဘီလူနာသည်တွေဟာ အနည်းငယ်သက်သာလာပြီဆိုတာနဲ့ ဆေးပတ်လည်အောင် မသောက်တော့ပဲ ဆေးသုံးစွဲမှု ရပ်ပစ်တာ၊ ပုံမှန်ဆေးမသောက်တာ၊ မစိုးရိမ်ရတဲ့ ဖျားနာမှုမျိုးတွေကို ဆရာဝန်တွေက ပေါ့ပေါ့တန်တန်ပဲ ပဋိဇီဝဆေး သုံးစွဲစေတာ.. ဒီလို ဆေးကို စနစ်တကျ မသုံးတာတွေကြောင့် ပဋိဇီဝဆေးတွေဟာ ရောဂါပိုးတွေနဲ့ ယဉ်ပါးလာပါတယ်။ နောက် ရောဂါအတွက် ဆေးမတိုးတော့ပါဘူး။

ဒီလိုနဲ့ MDR Multi-drug resistant ဆေးမတိုးတော့တဲ့ တီဘီရောဂါပိုးတွေကို ကမ္ဘာနေရာအတော်များများမှာ တွေ့လာရပါတယ်။ ဒါပေမယ့် WHO လေ့လာချက်တရပ်မှာတော့ MDR ဆေးနဲ့ယဉ်ပါးနေတဲ့ တီဘီရောဂါပိုးတွေကို ထိန်းချုပ်နိုင်မယ့် အလားအလာ တွေ့ခဲ့ရပါတယ်။ ပဋိဇီဝဆေးတွေကို စနစ်တကျနဲ့ နည်းမှန်လမ်းမှန် ပြန်သုံးစွဲွဲမယ်ဆိုရင် ဆေးနဲ့ယဉ်ပါးနေတဲ့ တီဘီရောဂါပိုးကို ထိန်းချုပ်နိုင်တယ်ဆိုတာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Jessica Berman သတင်းရေးသားပေးပို့ထားတာကို ဒီအပတ် ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG