နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်သမ္မတ ဘာရက် အိုဘားမား (Barack Obama) က မြန်မာစစ်ခေါင်းဆောင်တွေကိုထပ်ပြီး တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဒီတခါ တောင်းဆိုတဲ့အချိန်မှာ ထူးခြားတာကတော့ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ကိုယ်တိုင်ရှိနေတဲ့ အစည်းအဝေးခန်းထဲမှာ အမေရိကန် သမ္မတက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။