ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မြန်မာနိုင်ငံကို စက်မှုနိုင်ငံအဖြစ် ထူထောင်ရမယ်လို့ ဒီလဆန်းတုန်းက ပြောကြား သွားပါတယ်။ ဒီစကားကြားရလို့ မြန်မာပြည်သူတွေ အားတက်သွားကြမယ် ထင်ပါသလား။ စစ်အစိုးရရဲ့ ဦးဆောင်မှုနဲ့ စီမံကိန်းတွေကြောင့် မြန်မာနိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်တဲ့ စက်မှုနိုင်ငံတခု ဖြစ်လာနိုင်မယ် ထင်ပါသလား ဆိုတာကို ထိုင်းအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးဝင်းမင်းနဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံပေးထားပါတယ်။