သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ အထွေထွေညီလာခံ မြန်မာ့အရေး ဆုံးဖြတ်ချက်ချ


၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိတာကြောင့် ဆုံးဖြတ်ချက် မူကြမ်းတရပ်ကို ဥရောပသမဂ္ဂ အဖွဲ့နဲ့ အစ္စရေးနိုင်ငံက ဦးဆောင်ပြီး တင်သွင်းလိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နောက်ဆုံးဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

အထွေထွေညီလာခံရဲ့ တတိယ ကော်မတီမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ အချေအတင် ပြောဆိုခဲ့ကြပြီးတဲ့နောက် အခုနောက်ဆုံး ထောက်ခံမဲ ၉၂ မဲ၊ ကန့်ကွက်မဲ ၂၆ မဲ၊ ကြားနေမဲ ၆၅ နဲ့ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါပြီ။

မြန်မာစစ်အစိုးရအပေါ် အစဉ်အလာအတိုင်း ကျောထောက်နောက်ခံ ပေးလေ့ရှိတဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတွေ အပါအဝင် ကန့်ကွက်ခဲ့ကြတဲ့ နိုင်ငံတွေကတော့ ဒီလို တနိုင်ငံချင်း သီးခြား ဆုံးဖြတ်ချက် ချမှတ်တာဟာ မသင့်လျော်ဘူး ဆိုတာကို အဓိက အခြေခံပြီး လက်မခံခဲ့တာကို တွေ့ရပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို မြန်မာနိုင်ငံကို သွားရောက်ခွင့်ပေးခဲ့တာ၊ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတာတွေကို လျစ်လျူရှုထားတယ် ဆိုပြီးတော့လည်း မြန်မာစစ်အစိုးရ ကိုယ်စားလှယ် အပါအဝင် ကန့်ကွက်သူတွေက ဆုံးဖြတ်ချက်ချဖို့ကို လက်မခံခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြသူတွေကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် ရှိနေတာ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဖမ်းဆီးထားတာ၊ အထူးသဖြင့်ကတော့ ရှေ့လာမယ့်နှစ် ရွေးကောက်ပွဲတွေ ကျင်းပမယ့်အချိန်မှာ လွတ်လပ်ပြီး တရားမျှတတဲ့၊ အားလုံး ပါဝင်နိုင်ခွင့် မရှိသေးတဲ့ အခြေအနေတွေကို ထောက်ပြပြီး ဆုံးဖြတ်ချက်ချဖို့ မဲပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG