အမေရိကန် ပြည်ထောင်စုမှာ အိမ်မြေကြွေးတွေ မပေးနိုင်လို့ ပြန်အပ်ရတာတွေ မကြုံစဖူး တိုးလာနေသလို၊ အလုပ်လက်မဲ့ ဖြစ်မှုတွေ ကြီးထွားနေဆဲ ဖြစ်နေ ရတာတွေက အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး အလားအလာတွေအပေါ် လွှမ်းမိုး နေခဲ့ပါတယ်။ ကမ္ဘာနဲ့အဝန်း ဘဏ္ဍာရေး အကျပ်အတည်းတွေကနေ ရုန်းထွက်နိုင်ဖို့ ကြိုးပမ်းနေရာမှာ တဖက်တလမ်းက အရေးပါလှတဲ့ အိမ်မြေရောင်းဝယ်ရေး ဈေးကွက်မှာ ကျဆင်းမှုတွေ မဖြစ်ရလေအောင် ကျားကန်ပေးနိုင်မယ့် အလုပ်အကိုင် ရရှိရေးကလည်း တိုးတက်မှုတွေ မရှိသေးပဲ ဖြစ်နေရတဲ့ အခြေအနေတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာပါ။