ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံတခုဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုနဲ့ အာရှက စီးပွားရေး ကြီးထွားလာနေတဲ့ ကုန်သွယ်ဖက် တရုတ်နိုင်ငံတို့ကြား အပြန်အလှန် ကူးလူးဆက်ဆံမှုတွေ တိုးပွားလာနေပါတယ်။ ဒီလို စီးပွားရေး ဆက်ဆံမှုတွေ တိုးမြှင့်ဆောင်ရွက် လာတာနဲ့အမျှ၊ ဒါတွေ ပြေပြေပြစ်ပြစ် ဖြစ်စေဖို့အတွက် အမေရိကန်က နိုင်ငံရေး၊ လူ့အခွင့်အရေးလို ကိစ္စရပ်တွေမှာ တရုတ်အစိုးရ အပေါ် အရင်ကလို မဟုတ်ပဲ လေသံတောင် ပျော့လာတဲ့ အထိပဲလို့လည်း စီးပွားရေး၊ နိုင်ငံရေး အကဲခတ်တွေက သုံးသပ် နေကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် William Ide ရဲ့ သတင်း ပေးပို့ချက်နဲ့ အတူ တရုတ်-အမေရိကန် ဆက်ဆံရေး အခြေအနေတွေကို ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာပါ။