သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် တောင်ပိုင်းမှာ လူ ၂၁ ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရ


ရှေ့နှစ် မေလ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲမှာ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအို (Mindanao) ကျွန်းပေါ်က မဂွင်ဒါနာအို (Maguindanao) ပြည်နယ် အုပ်ချုပ်ရေးမှူးလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးသမားတဦးရဲ့ ဇနီး အပါအ၀င် လူပေါင်း ၃၁ ယောက်ကို ပြိုင်ဘက် နိုင်ငံရေးသမားတဦးရဲ့ သေနတ်သမားတွေက တနင်္လာနေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေထဲက အနည်းဆုံး ၂၁ ယောက်ဟာ သတ်ဖြတ်ခံခဲ့ရတယ်လို့ အဲဒီပြည်နယ်စစ်တပ်က ဒု-ဗိုလ်မှူးကြီး ရိုမီရို ဘရော(န်)နား (Lt. Colonel Romeo Brawner) က ပြောကြားခဲ့ပါတယ်။

အသတ်ခံရသူတွေထဲမှာ အမျိုးသမီး ၁၃ ယောက် ပါဝင်ပြီး အလောင်း ၂၁ လောင်းကို စစ်တပ်က တွေ့ရှိခဲ့ရာမှာ တချို့အလောင်းတွေဟာ ခေါင်းဖြတ်ခံထားရတယ်လို့လည်း ဖိလစ်ပိုင် စစ်တပ်က ဆိုပါတယ်။

သေနတ်သမားတွေ ဖမ်းဆီးသွားသူတွေထဲမှာ ပြည်နယ် အုပ်ချုပ်ရေးမှူးလောင်းကို ထောက်ခံကြတဲ့ ဒေသခံ စာနယ်ဇင်းသမားတွေ၊ ဆွေမျိုးတွေနဲ့ ရှေ့နေတွေလည်း ပါဝင်ကြပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်မှာ ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကို အမည်စာရင်း တင်သွင်းဖို့ ပြင်ဆင်ပြီး ခရီးထွက်ကြစဉ် သေနတ်သမား အယောက် ၁၀၀ လောက်က လမ်းမှာ ခြုံခိုတိုက်ခိုက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

ဇနီးဖြစ်သူက သူ့ရဲ့ယာဉ်တန်း အတိုက်ခိုက်ခံရတာ သူ့ဆီကို လက်ကိုင်ဖုန်းနဲ့ ခေတ္တလောက် အကြောင်းကြား ပြောဆိုနိုင်ခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးလောင်း မစ္စတာ မန်ဂွာဒါဒါတူ (Mr. Mangudadatu) က ပြောဆိုပြီး သူ့ရဲ့ပြိုင်ဘက် အန်ဒါလ် အမ်ပါတူဝမ် (Andal Ampatuan) က ဒီတိုက်ခိုက်မှုကို စီစဉ်တာ ဖြစ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG