မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က အဂတိလိုက်စားမှု အထူပြောဆုံး နိုင်ငံတွေစာရင်းမှာ ဒုတိယ နေရာက လိုက်နေပါတယ်။ အဂတိ လိုက်စားမှုဟာ အာဏာရှင် စနစ်ကြောင့် ဖြစ်ရတာလား၊ ဒီမိုကရေစီရရင်ရော အဂတိလိုက်စားမှု ပပျောက်သွားမလား ဆိုတာကို ဆွေးနွေးဖို့ ရန်ကုန်တက္ကသိုလ် စီးပွားရေးဌာနက ပါမောက္ခ ဦးစောမြင့်မောင်၊ NLD လွှတ်တော်အမတ် ဦးစောနိုင်းနိုင်း၊ NLD လွှတ်တော်အမတ် ဦးသိန်းဦးတို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံပေးထားပါတယ်။