သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်ဇိုင်းမားရောဂါ ဘယ်လို ကာကွယ်မလဲ


နိုဝင်ဘာ ၂၅၊ ၂၀၀၉၊ လူမှာ အသက်အရွယ်ရလာတာနဲ့အမျှ မှတ်ဉာဏ်ချို့ယွင်းလာတတ်ပါတယ်။ ဒါပေမယ့် အချို့ကတော့ သတိအားနည်းလာရကနေ စိတ်ပုံမှန်မဟုတ်တော့တဲ့ အခြေအနေအထိပါ ရောက်လာပါတယ်။ မြန်မာလိုတော့ လူကြီးတွေမှာ သူငယ်ပြန်တယ်ဆိုတဲ့ ရောဂါမျိုးပါ။

ဂျာမန်လူမျိုး ဦးနှောက်နဲ့အာရုံကြောဆရာဝန်ကြီး Alois Alzheimer ဟာ ဦးနှောက်ကို ထိခိုက်စေတဲ့ ရောဂါတမျိုးကို ဖော်ထုတ်နိုင်ခဲ့တာကြောင့် အဲဒီရောဂါကို Alzheimer လို့ ဆေးလောကမှာ သတ်မှတ်လိုက်ကြပါတယ်။ လူ့ဦးနှောက်ထဲမှာ သတင်းအချက်အလက်တွေ သိုမှီပြီး လိုအပ်သလို ပြန်လွှင့်ထုတ်ပေးနိုင်တဲ့ ဓါတုပစ္စည်းအချို့ အားနည်းလာရာကနေ ဦးနှောက်ထဲ သွေးကြောအတော်များများ ပျက်စီးလာပါတယ် - အဲဒီကနေ ဦးနှောက်ဆဲလ်တွေ ပျက်စီးရာကနေ ဒီရောဂါဖြစ်လာတာပါ။

အိုင်ဇိုင်းမားရောဂါဖြစ်စေတဲ့ အကြောင်းရပ်တွေအတော်များများ ပညာရှင်တွေ သတိထားလာမိကြပေမယ့်လို့ အိုင်ဇိုင်းမားရောဂါ ဘာလိုဖြစ်ရသလဲ အသေးစိတ်ကိုတော့ အပြည့်အစုံ မသိနိုင်ကြသေးပါဘူး။

ဒါပေမယ့် လေ့လာတွေ့ရှိချက်အတော်များများမှာတော့ လူငယ် လူလတ်ပိုင်းအရွယ်ကတည်းက ဦးနှောက်ကို ပုံမှန်အလုပ်ပေးမယ်၊ မှတ်ဉာဏ်ကို ပုံမှန်လေ့ကျင်နေမယ်၊ တဖက်မှာ အားကစားလုပ် အစားအစာချင့်ချိန် ကျန်းမာရေးလိုက်စားမယ်ဆိုရင်တော့ အိုင်ဇိုင်းမား အဖြစ်နည်းတယ် ဖြစ်ရင်တောင်မှ အတော်အတန်ခံနိုင်တယ်ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် မိမိဘဝတလျှောက် အနေအထိုင် အလေ့အကျင့်ကလည်း အယ်ဇိုင်းမားရောဂါ ကာကွယ်ဖို့ အထောက်အပံ့ဖြစ်စေမယ်လို့ ပြောရမှာပါ။

အိုင်ဇိုင်းမားရောဂါလက္ခဏာ ရောဂါမဖြစ်အောင် တတ်နိုင်သလောက် ဘယ်လို ကိုယ့်ကိုကိုယ်ထိမ်းသိမ်းသင့်တယ် စသဖြင့် အမေရိကန်ပြည်ထောင်စု မိုင်ယာမီတက္ကသိုလ်က လက်ထောက်ပါမောက္ခ ဒေါက်တာဝင်းမြင့်အောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG