သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုဆိုင်ရာ ကိုပင်ဟေဂင် ထိပ်သီး အစည်းအဝေး သမ္မတ အိုဘားမား တက်မည်


ကုလသမဂ္ဂရဲ့ ရာသီဥတုဆိုင်ရာ ထိပ်သီး အစည်းအဝေးပွဲကို တက်ရောက်ဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဒီဇင်ဘာလ ၉ ရက်နေ့မှာ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ကို သွားရောက်မယ်လို့ သမ္မတ အိမ်ဖြူတော်က ပြောဆိုလိုက်ပါတယ်။

ဒိန်းမတ်နိုင်ငံ မြို့တော်က အစည်းအဝေးပွဲအတွင်း ရာသီဥတု ဖောက်ပြန်မှုကို ရင်ဆိုင်ဖြေရှင်း သွားနိုင်မယ့် အဓိပ္ပာယ်ပြည့်ဝတဲ့ သဘောတူညီချက်တရပ် ထွက်ပေါ်လာနိုင်မယ်လို့ သမ္မတက ယုံကြည်ထားကြောင်း မနေ့တုန်းက အိမ်ဖြူတော် ကြေညာချက်က ဖော်ပြပါတယ်။

သမ္မတ အိုဘားမား အခုလို တက်ရောက်လာမယ် ဆိုတဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း ကြိုဆိုတဲ့အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။ နိုင်ငံခေါင်းဆောင်တွေ ပါဝင်တက်ရောက်ကြဖို့ အတည်ပြု ပြောဆိုချက်တွေ ထွက်ပေါ်လာတာနဲ့အမျှ အောင်မြင်တဲ့ အဆုံးသတ် နိဂုံးတရပ် ထွက်ပေါ်လာမယ့် အရှိန်အဟုန်တွေလည်း ကြီးထွားလာနေကြောင်းလည်း ပြောခဲ့တာပါ။

ကိုပင်ဟေဂင် အစည်းအဝေးပွဲမှာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ့် ခိုင်မာတဲ့ သဘောတူညီချက်တခု ရရှိဖို့ဟာ နိုင်ငံတွေ အားလုံးက မလုပ်မဖြစ် လုပ်ဆောင်သွားကြရမယ့် ကိစ္စအဖြစ် အင်္ဂါနေ့တုန်းကပဲ ပြောခဲ့တာပါ။ ဒီကမှ ဥပဒေအရ မလိုက်နာမဖြစ် လိုက်နာရမယ့် သဘောတူညီချက်တခု အဆင့်ကို နောက်ထပ် လှမ်းနိုင်မှာ ဖြစ်တယ်လို့လည်း သမ္မတ အိုဘားမားက ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG