သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် နိုင်ငံရေး သတ်ဖြတ်မှု သံသယရှိသူ အဖမ်းခံ


ဖိလစ်ပိုင်နိုင်ငံ မာဂွင်ဒါနာအိုပြည်နယ် (Maguindanao) မှာ ပြီးခဲ့တဲ့ တနင်္လာနေ့က လူ ၅၇ ဦး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုအတွက် အဓိက သံသယဖြစ်ခံရသူဟာ သူ့ဘာသာသူ လာအဖမ်းခံတယ်လို့ ဖိလစ်ပိုင် အာဏာပိုင်တွေက ပြောကြားပါတယ်။

ဒါတူ အန်စေးမြို့ (Datu Unsay) မြို့တော်ဝန် အန်ဒဲလ် အမ်ပါတူဝမ် ဂျူနီယာ (Andal Ampatuan Jr.) ဟာ ပြည်နယ်မြို့တော်မှာ သမ္မတရဲ့ ငြိမ်းချမ်းရေး အကြံပေး ယတ်ဇု ဒူရီဇာ (Jesus Dureza) ဆီကို လာပြီး အဖမ်းခံတယ်လို့ စစ်တပ်အရာရှိ ဒု-ဗိုလ်ချုပ်ကြီး ရေမန်ဒို ဖာရား (Raymundo Ferrer) က ပြောပါတယ်။

မစ္စတာအမ်ပါတူဝမ်ဟာ သူ့မှာ အပြစ်မရှိကြောင်း၊ ဒီလူသတ်မှုကြီးမှာ ပါဝင်ခဲ့တဲ့ ရဲအရာရှိ ၄ ဦးနဲ့အတူ မနီလာမြို့မှာသွားပြီး အစစ်ဆေးခံမှာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။

၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မြို့တော်ဝန် ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခွင့် လျှောက်ထားဖို့ သူတို့မြို့နားက ရှရစ်ဖ် အန်ဂွိုက်မြို့ဆီကို တနင်္လာနေ့က သွားကြတဲ့ ဘာလူအန်ခရိုင် ဒု-မြို့တော်ဝန် အစ္စမေးလ် မန်ဂူဒါဒါတူ (Ismael Mangudadatu) ရဲ့ ဇနီးနဲ့အဖွဲ့နဲ့ သတင်းထောက်တွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို သေနတ်သမား ၁၀၀ လောက်က လမ်းမှာတားဆီး ပစ်ခတ်ခဲ့တဲ့ကိစ္စမှာ မစ္စတာ အမ်ပါတူဝမ်ရဲ့ အဖွဲ့ လုပ်ဆောင်ခဲ့တာလို့ သံသယ ရှိခံရတာပါ။

အရပ်သားတွေကို သတ်ပစ်ခဲ့ကြပါတယ်။ ပြီးတော့ လမ်းမကြီးနဲ့ မိုင်အတော်ဝေးတဲ့ ဝေးလံခေါင်သီတဲ့ တောင်တွေကြားမှာ အလောင်းတွေနဲ့ သူတို့ရဲ့ကားတွေကို သွားပြီး မြှုပ်နှံခဲ့ကြပါတယ်။

အဲဒီလူတွေ အခင်းဖြစ်ပွားတဲ့နေရာမှာ ရှိတယ်ဆိုတာ သက်သေခံနိုင်တဲ့ မျက်မြင်သက်သေတွေ ရှိပေမဲ့လည်း မစ္စတာ အမ်ပါတူဝမ်နဲ့ တခြားသူတွေကို ဒီရာဇဝတ်မှုနဲ့ ဆက်စပ်ပြီး ကွင်းဆက်ရှာဖို့ စစ်တပ် ပြောရေးဆိုခွင့်ရှိသူက ကြိုးစားနေတယ်လို့ သူက ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG