သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် သွေးတိုးရောဂါ ခံစားနေရ


မြန်မာနိုင်ငံမှာ ထောင်သွင်း အကျဉ်းချခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပုံမှန်မဟုတ်တဲ့ သွေးတိုးရောဂါ ခံစားနေရတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေက ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ ဆန္ဒပြပွဲ အရေးအခင်းကို ဦးဆောင်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားများရဲ့ ခေါင်းဆောင် ကိုမင်းကိုနိုင်ကို မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေ အဆမတန် မိုးထိုးအောင် တက်နေလို့ ကန့်ကွက်ဆန္ဒပြမှုကြောင့် တခြား နိုင်ငံရေး လှုပ်ရှားတက်ကြွသူများနဲ့ အတူ ၂၀၀၇ ခုနှစ်မှာ စစ်အစိုးရက ဖမ်းဆီးပြီး ထောင်သွင်းအကျဉ်းချထားတာ ဖြစ်ပါတယ်။

သူ့ကို ရုံးတင်ပြီး ထောင်ဒဏ် ၆၇ နှစ်ချကာ ဝေးလံသီခေါင်တဲ့ အစွန်အဖျားဒေသရှိ အကျဉ်းထောင်ကို ပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရ ထောင်သွင်းအကျဉ်းချထားတာ ခံရတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ ထဲမှာ ကိုမင်းကိုနိုင်လည်း ပါဝင်ပြီး သူတို့ကို လွှတ်ပေးဖို့ လူ့အခွင့်အရေး အဖွဲ့အစည်းများက တောင်းဆိုနေကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရက သူတို့ကို ဆန့်ကျင်ပြောဆို လှုပ်ရှားလာရင် နည်းနည်းလေးမှ သည်းမခံဘဲ အင်အားသုံးကာ အကြီးအကျယ် နှိပ်ကွပ်လေ့ရှိတယ်လို့ သတင်းများမှာ ထောက်ပြ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG