သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် ငါးဖမ်းသမား ၁၄ ဦး အိမ်ပြန်နိုင်ရေး သံတမန်တွေ ကြိုးပမ်း


မြန်မာ့ရေပိုင်နက်ထဲ တရားမဝင် ငါးဖမ်းမှုနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အဖမ်းအဆီး ခံခဲ့ရတဲ့ ဖိလစ်ပိုင် ငါးဖမ်းသမား ၁၄ ဦး ပြန်လွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံက ဖိလစ်ပိုင် သံအရာရှိတွေ ကြိုးစားနေကြပါတယ်။

ဖိလစ်ပိုင် သံအရာရှိတွေဟာ အဖမ်းခံနေရတဲ့ ငါးဖမ်းသမားတွေနဲ့ တွေ့ခွင့်ရခဲ့ပြီး သူတို့ကို အိမ်ပြန်ပို့နိုင်ဖို့ စီစဉ်ခဲ့ကြတယ်လို့ ရန်ကုန် ဖိလစ်ပိုင်သံရုံးက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

မြန်မာစစ်တပ် အာဏာပိုင်တွေဟာ နိုဝင်ဘာလ ၁၈ ရက်နေ့က ထိုင်ဝမ် ငါးဖမ်းလှေ အများအပြားကို ဖမ်းဆီးခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသား ၁၄ ဦး အပါအဝင် ငါးဖမ်းသမား ၁၂၈ ဦးကို ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီထဲက အများစုဟာ အင်ဒိုနီးရှား နိုင်ငံသားတွေ ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

သူတို့ကို ရန်ကုန်က နာမည်ကြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အမည်မဖော်လိုတဲ့ သံတမန်တဦးရဲ့ ပြောကြားချက်ကို ကိုးကား ဖော်ပြပါတယ်။ အင်းစိန်ထောင်ဟာ ညှဉ်းပန်းနှိပ်စက်မှုနဲ့ နာမည်ကြီးတဲ့ထောင် ဖြစ်ပြီး မကြာခင်ကဘဲ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းခဲ့ပါသေးတယ်။

အဖမ်းဆီးခံနေရတဲ့ အထဲမှာ တရုတ်ပြည်မနဲ့ ထိုင်ဝမ်က ငါးဖမ်းသမားတွေလည်း ပါတာမို့ ဒီလူတွေရဲ့ လုံခြုံရေးနဲ့ ရပိုင်ခွင့်တွေကို အကာအကွယ်ပေးဖို့ တရုတ်အစိုးရက မြန်မာအာဏာပိုင်တွေကို တောင်းဆိုခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG