သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရထား ဗုံးကွဲ ၂၅ ဦးသေ


ရုရှားနိုင်ငံမှာ ခရီးသည် ၂၆ ယောက် သေဆုံးပြီးတော့ ၅၀ ကျော် ဒဏ်ရာရခဲ့တဲ့ အမြန် မီးရထား လမ်းချော် တိမ်းမှောက်မှုဟာ ဗုံးပေါက်ကွဲမှုကြောင့်လို့ ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။

မော်စကို မြို့တော်ရဲ့ အနောက်မြောက်ဘက် မိုင် ၂၅၀ လောက်အကွာမှာ ဖြစ်ခဲ့တဲ့ မီးရထားမှောက်ခဲ့တဲ့ နေရာမှာ ဖောက်ခွဲ ရေး ပစ္စည်း အကြွင်းအကျန်တွေကို တွေ့ရှိတယ်လို့ ရုရှား စုံစမ်းစစ်ဆေးရေးမှူးတွေက ဒီကနေ့ စနေနေ့မှာ ပြောပါတယ်။ အကြမ်းဖက်မှု စွဲချက်တွေနဲ့ စွဲနိုင်လောက်တဲ့အထိ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို စတင်လုပ်နေပြီလို့ အစိုးရ ရှေ့နေ တွေက ပြောပေမဲ့ သံသယရှိသူတွေဟာ ဘယ်သူလဲဆိုတာကိုတော့ ထုတ်ဖော်မပြောသေးပါဘူး။

ရထား အပျက်အစီးပုံတွေကြားမှာ အရှိန်ကြောင့် ချိုင့်ဝင်သွားပုံရတဲ့ တွင်းငယ်လေး တခုကို တွေ့ရှိခဲ့ရပါတယ်။ ဒီ မီးရထား ပေါက်ကွဲမှုကြောင့် မီးရထား သံလမ်းအပိုင်းတချို့လည်း ပျက်စီးခဲ့ပါတယ်။

မော်စကိုမြို့တော်ကနေ မြောက်ပိုင်း စိန့်ပီတာစ်ဘတ် မြို့ကိုအသွား ခရီးသည် ၆၀၀ ကျော်ပါတဲ့ နာ့စ်ကီး အမြန်ရထား တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ ပျောက်ဆုံးနေသူ ၁၈ ယောက်ကို ကယ်ဆယ်ရေးဝန်ထမ်းတွေက နေ့မအားညမအား ရှာဖွေနေပြီးတော့ သေဆုံးသူ အရေအတွက်ဟာ တိုးလာနိုင်တယ်ဆိုပြီး ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG