သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြွေးမြီပြဿနာ ဒူဘိုင်းပြည်နယ် အစိုးရ အာမခံမည် မဟုတ်


အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံနီးပါး အကြွေးတင်နေတဲ့ Dubai world လုပ်ငန်းရဲ့ အကြွေးတွေကို ဒူဘိုင်းပြည်နယ် အစိုးရက ဆပ်ပေးဖို့ အာမခံမှာ မဟုတ်ဘူးလို့ ဒူဘိုင်းက ထိပ်တန်း ဘဏ္ဍာရေး တာဝန်ရှိသူက ပြောလိုက်ပါတယ်။

ဒီလို အစိုးရပိုင်လုပ်ငန်းမှာ အကြွေးတွေ နင့်နေတာကို ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်နေကြတာနဲ့အတူ ဒူဘိုင်းနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့က အဓိက အစုရှယ်ရာ ဈေးကွက်တွေမှာ ဒီကနေ့ တနင်္လာနေ့မှာ ဈေးတွေ သိသိသာသာ ကျဆင်းပြီး ဈေးပိတ်သွားပါတယ်။

ဒူဘိုင်း ငွေကြေးဈေးကွက်မှာ ၇.၃% ကျဆင်းခဲ့ပြီး ဒါဟာ ၂၀၀၈ အောက်တိုဘာလ ကတည်းက အနိမ့်ဆုံး ဈေးကျဆင်းမှု ဖြစ်ပါတယ်။ အဘူဒါဘီရဲ့ အညွှန်းကိန်းကတော့ ဒီနေ့ ၈.၃% အထိ ကျဆင်းခဲ့ပါတယ်။

အခုဖြစ်နေတဲ့ ငွေကြေးပြဿနာမှာ ငွေချေးသူတွေဘက်ကလည်း တာဝန်ရှိတယ်လို့ ဒူဘိုင်း ဘဏ္ဍာရေးဌာန ညွှန်ကြားရေးမှူးချုပ် အဗ္ဗဒူရာမန် အယ်လ် ဆာလက် (Abdulrahman Al Saleh) က ပြောပါတယ်။

ငွေချေးသူတွေဟာ အစိုးရက ဘယ်လောက် အာမခံနိုင်လဲ ဆိုတာကို မကြည့်ကြဘဲ ငွေချေးသူတွေရဲ့ လုပ်ငန်းတွေအပေါ်မှာ ကြည့်ပြီးတော့ပဲ ချေးကြတယ်လို့ သူက ပြောပါတယ်။

ဒူဘိုင်းအစိုးရပိုင် အိမ်ယာ ခြံမြေ လုပ်ငန်းကြီးဖြစ်တဲ့ Dubai world လုပ်ငန်းကြီးဟာ ကော်ပိုရေးရှင်း လုပ်ငန်းကြီးတွေ စတင်တည်ထောင်ကတည်းက ရှိခဲ့တာဖြစ်ပြီး အစိုးရပိုင် ဖြစ်ပေမဲ့ လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ အစိုးရရဲ့ လွှမ်းမိုးမှု ကင်းရှင်းတဲ့ ကော်ပိုရေးရှင်း လုပ်ငန်းကြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG