အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama)ဟာ အင်္ဂါနေ့မှာ သူ့ နိုင်ငံသို့ မိန့်ခွန်းမပြောကြားခင် အာဖဂန် နစ္စတန်ဆိုင်ရာ သူ့ရဲ့ မဟာဗျူဟာသစ်ကို စတင် လုပ်ဆောင်နေပြီလို့ အိမ်ဖြူတော်က ဆိုပါတယ်။
တနင်္လာနေ့က သမ္မတ အိုဘားမားဟာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို လုံခြုံရေးအဖွဲ့ကို အသိပေးလိုက်ပြီး အဲဒီကိစ္စ အကောင်အထည် ဖော်ဖို့လည်း ညွှန်ကြားလိုက်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က သတင်းထောက် များကို ပြောဆိုပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံသို့ နောက်ထပ် အမေရိကန်တပ်ဖွဲ့ ၃၀,၀၀၀ ပို့ဖွယ် ရှိပါတယ်။
လန်ဒန်မြို့မှာလည်း ဗြိတိသျှ ၀န်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က ဒီဇင်ဘာလအတွင်း နောက်ထပ် ဗြိတိသျှ တပ်ဖွဲ့ဝင် ၅၀၀ ပို့မယ်လို့ ဆိုလိုက်တဲ့အတွက် အာဖဂန်နစ္စတန်နိုင်ငံမှာ ဗြိတိသျှ တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော် ရှိလာပါလိမ့်မယ်။