ကမ္ဘာတ၀န်း ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ မအေးသေးတဲ့ အချိန်မှာပဲ အရှေ့အလယ်ပိုင်း ဒေသက ကြွယ်ဝတဲ့ ဒူဘိုင်းမှာလည်း ငွေကြေးပြဿနာတွေ ပေါ်လာလို့ ကမ္ဘာတ၀န်း စီးပွားရေး ဂယက်တွေ ရိုက်ခတ်ခဲ့ပြန်ပါတယ်။ ဒူဘိုင်းက ပေးစရာရှိနေတဲ့ အကြွေး ဒေါ်လာ သန်း ၆ သောင်း ကို ဆိုင်းငံ့ထားဖို့ ကြေညာချက် ရုတ်တရက် ထွက်ပေါ်လာတာမို့ မနှစ်တုန်းက အမေရိကန် ပြည်ထောင်စုက စတင်လိုက်တဲ့ ဘဏ္ဍာရေး ပြဿနာမျိုး ထပ်ပြီး ကြုံရလေမလား စီးပွားရေး လုပ်ငန်းတွေမှာ စိုးရိမ်မှုတွေ ပေါ်ပေါက်လာခဲ့တဲ့ အကြောင်းတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။