သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးနဲ့ အာဖဂန်တပ်ဖွဲ့ တာလီဘန်အပေါ် ထိုးစစ်သစ် ဆင်နွှဲ


အမေရိကန် အများဆုံးပါဝင်တဲ့ နေတိုးတပ်ဖွဲ့ဝင် ၂,၀၀၀ ကျော်တို့ဟာ အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း တာလီဘန်တို့ရဲ့ ခြေကုပ်စခန်းများရှိရာကို ထိုးစစ်တရပ် ဆင်နွှဲလိုက်ပါတယ်။ ဟယ်လမ်း (Helmand) ပြည်နယ်က အဲဒီ ထိုးစစ်မှာ အာဖဂန် တပ်ဖွဲ့များလည်း ပါဝင်ပါတယ်။ အဲဒီပြည်နယ်မှာရှိတဲ့ သူပုန်တွေကို ရှင်းလင်းပြီး မြေမြှုပ်မိုင်းတွေ လမ်းဘေးထောင်ဗုံးတွေနဲ့ တခြား ပေါက်ကွဲပစ္စည်းများကို ရှာဖွေ ဖယ်ရှားမယ်လို့ ဆိုပါတယ်။

သမ္မတ ဘရက် အိုဘားမား က အာဖဂန်နစ္စတန်နိုင်ငံကို နောက်ထပ် အမေရိကန်တပ်ဖွဲ့ ၂သောင်း စေလွှတ်မယ်လို့ ကြေညာ အပြီး သုံးရက်အကြာမှာ ဒီထိုးစစ်ကို ဆင်နွှဲလိုက်တာပါ။ နေတိုးတပ်တွေ တာလီဘန်အဖွဲ့များ အင်အားကြီးရာ အာဖဂန်နစ္စတန် နိုင်ငံ တောင်ပိုင်းကို စေလွှတ်ဖွယ်ရှိပြီး အာဖဂန်နိုင်ငံကနေ အမေရိကန်တပ်တွေ ၂၀၁၁ ခုနှစ် ဇူလိုင်လမှာ စတင်ရုပ်သိမ်း မယ် လို့လည်း သမ္မတ ဘရက် အိုဘားမား က ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG