ရုရှား နိုင်ငံက နိုက်ကလပ် (Nightclub) တခုမှာ စနေနေ့က မီးလောင်လို့ လူပေါင်း ၁၀၂ ယောက်သေဆုံးခဲ့ရတဲ့ အတွက် နိုက်ကလပ် ပိုင်ရှင်နဲ့ မန်နေဂျာကို သက်ဆိုင်ရာက ထိန်းသိမ်းထားပါတယ်။ ပမ်း (Perm) မြို့က လိမ်းဟော့စ် (Lame Horse) နိုက်ကလပ် မှာ လိုက်နာရမဲ့ စည်းကမ်းချက်တွေကို ချိုးဖေါက်မှုနဲ့ တာဝန်ရှိသူ ၂ ယောက်ကို ဖမ်းဆီးထားတာဖြစ်ပါတယ်။
နိုက်ကလပ် ထဲမှာ ပုံမှန် မီးရှူးမီးပန်းတွေလောက် အပူရှိန်မပြင်းတဲ့ မီးပန်းတွေ ဖေါက်ခဲ့ရာက ခေါင်မိုး မီးစွဲလောင်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူပေါင်း ၁၃၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
နိုက်ကလပ် ထဲမှာ ရိုက်ကူးထားတဲ့ ဗွီဒီယိုပုံတွေကို ရုရှား အစိုးရ ရုပ်မြင်သံကြား အစီအစဉ်မှာ ပြသခဲ့တာမှာ ခေါင်မိုး မီးစွဲလောင်နေတာကို မြင်ရပါတယ်။ နိုက်ကလပ် ထဲကသူတွေဟာ ပထမပိုင်းမှာ မသိခဲ့ကြပဲ သိတဲ့အချိန်မှာ အလုအယက် ထွက်ပြေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ အခင်းဖြစ်ရာ မော်စကိုမြို့တော် အရှေ့ပိုင်းမှာရှိတဲ့ အဲဒီ ပမ်း မြို့ဆီကို ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အကူအညီပေးနိုင်ဖို့အတွက် ရှရှား အရေးပေါ်ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး နဲ့ လူမှုဖွံ့ဖြိုးရေး ဝန်ကြီးတို့ ရောက်ရှိနေကြပါတယ်။