သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား ည ကပွဲရုံ မီးလောင်မှု လူ ၁၀၀ ကျော် သေဆုံး


ရုရှား နိုင်ငံက နိုက်ကလပ် (Nightclub) တခုမှာ စနေနေ့က မီးလောင်လို့ လူပေါင်း ၁၀၂ ယောက် သေဆုံးခဲ့ရတဲ့အတွက် နိုက်ကလပ် ပိုင်ရှင်နဲ့ မန်နေဂျာကို သက်ဆိုင်ရာက ထိန်းသိမ်းထားပါတယ်။ ပမ်း (Perm) မြို့က လိမ်းဟော့စ် (Lame Horse) နိုက်ကလပ် မှာ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ချိုးဖေါက်မှုနဲ့ တာဝန်ရှိသူ ၂ ယောက်ကို ဖမ်းဆီးထားပါတယ်။

နိုက်ကလပ် ထဲမှာ ပုံမှန် မီးရှူးမီးပန်းတွေလောက် အပူရှိန်မပြင်းတဲ့ မီးပန်းတွေ ဖေါက်ခဲ့ရာက ခေါင်မိုး မီးစွဲလောင်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူပေါင်း ၁၃၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ နိုက်ကလပ် မန်နေဂျာဟာ လိုက်နာသင့်တဲ့ စည်းကမ်းချက်တွေကို အကြိမ်ကြိမ် သတိပေးနေတဲ့ကြားက မလိုက်နာခဲ့ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သမ္မတ ဒီမီထရီ မက်ဗီးယားဒပ် (Dimitty Medvedev) ကလည်း တာဝန်ရှိသူတွေမှာ ဦးနှောက်ပဲ မရှိတာလား၊ အသိဉာဏ်ပဲ ကင်းမဲ့ နေတာလားလို့ ပြင်းထန်တဲ့ အသုံးအနှုန်းတွေ သုံးပြီး ပြောခဲ့ပါတယ်။

အခင်းဖြစ်ရာ မော်စကိုမြို့တော် အရှေ့ပိုင်းမှာရှိတဲ့ ပမ်း မြို့ဆီကို ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အကူအညီ ပေးနိုင်ဖို့ အတွက် ရှရှားနိုင်ငံရဲ့ အရေးပေါ်ကိစ္စရပ်တွေကို ကိုင်တွယ်တဲ့ အရေးပေါ်ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး နဲ့ လူမှုဖွံ့ဖြိုးရေး ဝန်ကြီး တို့ ရောက်ရှိနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG