သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်လာဒင်သတင်း အမေရိကန်တို့ မသိနိုင်


အယ်လ်ကိုင်းဒါး ခေါင်းဆောင် အိုဆမာ ဘင်လာဒင် (Osama bin Laden) ဘယ်ရောက်နေလဲဆိုတာ အမေရိကန် ပြည်ထောင်စုက မသိပါဘူး။ သူဘယ်ရောက်နေလဲ ထောက်လှမ်းရေး သတင်းအချက်အလက် ကောင်းကောင်းမရရှိတာ နှစ်အတော်ကြာပါပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ပြောပါတယ်။

သူ ဘယ်မှာရှိလဲဆိုတာ ခိုင်လုံတဲ့သတင်းသာ ရရှိထားတယ် ဆိုရင်တော့ ဘင်လာဒင် ရှိတဲ့နေရာကို အမေရိကန်က သွားပြီး ဖမ်းဆီးလိုက်မှာ ဖြစ်တယ်လို့ ဒီကနေ့ အမေရိကန် ပြည်ထောင်စုမှာ ပြသမယ့် ABC ရုပ်မြင်သံကြားရဲ့ This Week အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မစ္စတာဂိတ်စ်က ပြောထားပါတယ်။

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ်တလျှောက်က တောတောင်ထူထပ်တဲ့ နယ်မြေ တနေရာရာမှာ မစ္စတာ ဘင်လာဒင် ပုန်းအောင်းနေတယ်လို့ ယုံကြည်ကြောင်း အမေရိကန်နဲ့ မဟာမိတ်တပ်တွေရဲ့ အရာရှိတွေက ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှာတော့ စနေနေ့က ဗုံးကွဲခဲ့ပြီး အမေရိကန် စစ်သားတဦး သေဆုံးသွားတယ်လို့ နိုင်ငံတကာ တပ်ဖွဲ့တွေက ဆိုပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းကလည်း လက်ခ်မန်ပြည်နယ်မှာ အာဖဂန်နဲ့ နိုင်ငံတကာ လုံခြုံရေး တပ်ဖွဲ့တွေက လေကြောင်းတိုက်ခိုက်မှုတခု ပြုလုပ်ခဲ့ပြီး စစ်သွေးကြွ အုပ်စုတခု သေဆုံးသွားတယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

တောင်ပိုင်းက ကန်ဒါဟာပြည်နယ်မှာတော့ ဒေသတ၀ိုက် ဗုံးဖောက်ခွဲမှု အများအပြား လုပ်ဆောင်ခဲ့တဲ့ တာလီဘန် တပ်မှူးတဦးနဲ့ နောက်ထပ် စစ်သွေးကြွတဦးကို အာဖဂန်နဲ့ နိုင်ငံတကာ တပ်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ နေတိုးခေါ် မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG