သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတု ညီလာခံ စဖို့ ပြင်ဆင်


ကမ္ဘာတ၀န်း ရာသီဥတု ပူနွေးလာတာကို ပြောင်းလဲနိုင်ဖို့အတွက် ၁၂ ရက်ကြာ ကျင်းပမယ့် ကိုပင်ဟေဂင် နိုင်ငံတကာ ညီလာခံကို တနင်္လာနေ့မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။

ရာသီဥတု အပြောင်းအလဲအတွက် သဘောတူညီချက်တရပ် ရရှိအောင် ဆွေးနွေးကြဖို့ နိုင်ငံပေါင်း ၁၉၂ နိုင်ငံက ကိုယ်စားလှယ်တွေဟာ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ကို ရောက်ရှိနေကြတာပါ။

ကမ္ဘာကြီးကို ပူနွေးစေတဲ့ ဓာတ်ငွေ့တွေကို နိုင်ငံတွေက ထုတ်လွှင့်နေကြတာ ဘယ်လို၊ ဘယ်လောက် ထိန်းချုပ်မလဲ သတ်မှတ်ကြမှာ ဖြစ်သလို ဆင်းရဲတဲ့ နိုင်ငံတွေမှာ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု မရှိမယ့် နည်းပညာတွေ အသုံးပြုလာဖို့အတွက် ချမ်းသာတဲ့ တိုင်းပြည်တွေက ဘယ်လို အကူအညီ ပေးနိုင်မလဲ ဆိုတာတွေကိုလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီလို နိုင်ငံတကာ သဘောတူညီချက်မျိုးကို ၁၉၉၇ ခုနှစ်က ကျိုတို သဘောတူညီချက် တရပ်အနေနဲ့ ပြဋ္ဌာန်းခဲ့ဖူးပေမဲ့ ဒီသဘောတူညီချက်က ၂၀၁၂ မှာ သက်တမ်းကုန်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ သဘောတူညီချက်တရပ် ရရှိအောင် ကြိုးစားနေကြတာ ဖြစ်ပါတယ်။

စနေနေ့တုန်းကတော့ လူထောင်ပေါင်းများစွာဟာ ဥရောပအနှံ့မှာ ညီလာခံက လက်တွေ့လုပ်ဆောင်နိုင်တဲ့ ရလဒ်တရပ် ထွက်ပေါ်လာအောင် တိုက်တွန်း ဆန္ဒပြခဲ့ကြပါတယ်။ လန်ဒန်မြို့မှာ လူတွေက အပြာရောင် အ၀တ်အစားတွေ ၀တ်ပြီး လူသားလှိုင်းလုံးကြီး တရပ်ကို ဖန်တီးလို့ ပါလီမန် အဆောက်အဦ တ၀ိုက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG