သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရ ဆန့်ကျင်ရေး အီရန် ကျောင်းသားဆန္ဒပြပွဲအတွက် နှစ်ဘက် စိုင်းပြင်း


အီရန်နိုင်ငံမှာ တက်ကြွလှုပ်ရှားသူ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေ မတိုင်မီ အင်တာနက်နဲ့ လက်ကိုင်ဖုန်း ဆက်သွယ်မှုတွေမှာ နှေးကွေးလာတာတွေ၊ ပြတ်တောက်တာတွေ ကြုံနေရတယ်လို့ အီရန်နိုင်ငံသားတွေက ပြောပါတယ်။

ဒီကနေ့ ပြုလုပ်သွားဖို့ရှိတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ တက်ကြွလှုပ်ရှားသူတွေက သတင်းပေးပို့မှာကို တားဆီးဖို့အတွက် ဆက်သွယ်ရေးတွေကို အာဏာပိုင်တွေက နှောင့်ယှက် ဟန့်တားနေတာလို့ ယုံကြည်ရတဲ့အကြောင်း မြို့တော် တီဟီရန်နဲ့ တခြား အဓိကမြို့ကြီးက လာတဲ့ သတင်းတွေက ဆိုပါတယ်။

ပြည်ပ စာနယ်ဇင်းသမားတွေ ဒီဆန္ဒပြပွဲနဲ့ ပတ်သက်လို့ သတင်းမယူနိုင်အောင်လို့ သူတို့ကို ထုတ်ပေးထားတဲ့ အလုပ် လုပ်ကိုင်ခွင့်တွေကိုလည်း တီဟီရန်မြို့မှာ ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ အစိုးရက ပြန်ပြီး ရုပ်သိမ်းထားပါတယ်။

ဒီကနေ့ဟာဆိုရင် အီရန်နိုင်ငံမှာ အမျိုးသား ကျောင်းသားများနေ့ ဖြစ်ပြီး ၁၉၅၃ ခုနှစ်တုန်းက အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ကျောင်းသား ၃ ဦး သတ်ဖြတ်ခံခဲ့ရတာကို အောက်မေ့ဖွယ် အမှတ်တရနေ့အဖြစ် ကျင်းပတာလည်း ဖြစ်ပါတယ်။

အစိုးရက အသိအမှတ်ပြု ကျင်းပတဲ့ ဒီအခမ်းအနားကို ပြုပြင်ပြောင်းလဲရေးဝါဒီ အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေက သမ္မတ မာမွတ်ဒ် အမာဒီနီဂျတ်ဒ် (Mahmoud Ahmadinejad) အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအဖြစ် ပြောင်းလဲပစ်နိုင်ဖို့ မျှော်လင့်ထားကြတာ ဖြစ်ပါတယ်။

သမ္မတ အမာဒီနီဂျတ်ဒ် အပေါ် ဝေဖန်သူတွေကတော့ သူ တကျော့ပြန် အာဏာရခဲ့တဲ့ ဇွန်လ ရွေးကောက်ပွဲတွေမှာ မမှန်မကန် လုပ်ခဲ့တာတွေ ရှိတယ်လို့ ဝေဖန်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG