သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် ဆန္ဒပြပွဲ ရဲဖြိုခွဲ


ဒီနေ့ကျရောက်တဲ့ အီရန်နိုင်ငံရဲ့ နှစ်ပတ်လည် အမျိုးသား ကျောင်းသားများနေ့မှာ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေကို အီရန် လုံခြုံရေးတွေက လက်ကိုင်တုတ်တွေနဲ့ရိုက်၊ အချက်ပေး သေနတ်တွေ ပစ်ဖောက်ပြီး လူစုခွဲခဲ့ကြပါတယ်။

တီဟီရန်မြို့တော်က တက္ကသိုလ်တွေနဲ့ လမ်းမတွေပေါ်မှာ ဆန္ဒပြသူတွေက အာဏာရှင် ကျဆုံးပါစေဆိုတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

မာရှ်ဟက်၊ ကာမန်နဲ့ အစ္စဖာဟန် မြို့တွေမှာလည်း ဆန္ဒပြပွဲတွေ ရှိကြတယ်လို့ အီရန်ကလာတဲ့ သတင်းတွေမှာ ပြောပါတယ်။ တီဟီရန်မြို့တော်မှာ လမ်းပေါ်ထွက် ဆန္ဒပြသူတွေကို နှိမ်နင်းဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေ၊ ဘာဆစ်ချ် ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေ တာဝန်ယူထားကြတဲ့အတွက် ဆန္ဒပြသူတွေဟာ လမ်းထောင့်တွေမှာ လူစုလာလိုက်၊ လူစုခွဲသွားလိုက် လုပ်ခဲ့ကြပါတယ်။

ပြုပြင်ပြောင်းလဲရေး သမားတွေနဲ့ ကျောင်းသားတွေ စုဝေးပြီး အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေ မလုပ်နိုင်အောင် တီဟီရန်တက္ကသိုလ် ဝန်းကျင် နေရာတွေမှာ လုံခြုံရေးတွေ ဝိုင်းထားပါတယ်။

အစိုးရဟာ လမ်းပေါ်မှာ လူတွေကို တိုက်ခိုက်၊ ကျောင်းသားတွေကို ပါးစပ်ပိတ်ခိုင်းထားပြီး သူတို့ရဲ့ အုပ်ချုပ်မှုကို တရားဝင်အောင် လုပ်နေတယ်လို့ အတိုက်အခံ ခေါင်းဆောင် မီယာ ဟူစိန် မူဆာဗီ (Mir Hossein Mousavi) က သူ့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ရေးထားပါတယ်။

ပြည်သူတွေကို ဖိနှိပ်နေတာဟာ အဖြေမဟုတ်ဘူးလို့ အီရန်နိုင်ငံမှာ ထင်ရှားတဲ့ ဘာသာရေး ခေါင်းဆောင်ကြီး မက်ခ်ဒီ ခါရူဘီကလည်း ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG