သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေအပေါ် နှိပ်ကွပ်မှုကို အီရန်နိုင်ငံသားတွေ အာခံ


အီရန်နိုင်ငံအနှံ့ ကျောင်းသားများ ဦးဆောင်တဲ့ ကန့်ကွက်ပွဲများကို အီရန်အစိုးရက နှိပ်ကွပ်တဲ့အတွက် အမေရိကန်နဲ့ ဗြိတိန်နိုင်ငံ အစိုးရတို့က စိုးရိမ်ပူပန်ကြောင်း ပြောဆို ဝေဖန်ကြပါတယ်။

တနင်္လာနေ့က တီဟီရန်မြို့ လမ်းများပေါ်နဲ့ တက္ကသိုလ်များမှာ ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ ကျောင်းသားများ ကန့်ကွက် ဆန္ဒပြကြတဲ့အတွက် လုံထိန်းများက သေနတ်များ သတိပေး ပစ်ဖောက်၊ မျက်ရည်ယိုဗုံးများနဲ့ နံပါတ်တုတ်များ အသုံးပြုပြီး လူစုခွဲရပါတယ်။

အခုလို နှိပ်ကွပ်ခြင်းက အီရန်နိုင်ငံ ဖွဲ့စည်းပုံပါ လူ့အခွင့်အရေးတွေကို ဂရုမစိုက်ဘူးဆိုတာ ပြတာပဲလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီယန် ကယ်လီ (Ian Kelly) က ဝေဖန် ပြောဆိုပါတယ်။ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် မီလီဘန်း (David Miliband) ကလည်း ဆန္ဒပြသမားတွေကို အင်အားသုံး ဖြိုခွင်းတဲ့အတွက် စိုးရိမ်ကြောင်း ပြောဆိုပါတယ်။

အီရန်နိုင်ငံ ကျောင်းသားများ နှစ်ပတ်လည်နေ့နဲ့ အချိန်ကိုက် ကန့်ကွက် ဆန္ဒပြကြတာ ဖြစ်ပြီး အာဏာရှင်များ ကျဆုံးပါစေလို့ ကျောင်းသားများ ကြွေးကြော်ကြတာ ခေါင်းဆောင်ပိုင်းကို ရည်ညွှန်းတာလို့ ဆိုပါတယ်။

တီဟီရန်မြို့ အမီးလ်နဲ့ ကဘီး တက္ကသိုလ်က မဂျစ် တာဘာကိုလီ အပါအဝင် ကျောင်းသားခေါင်းဆောင် အများအပြားကိုလည်း ရဲက ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။

XS
SM
MD
LG