သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂ ရာသီဥတု ညီလာခံကြီး ကိုပင်ဟေဂင်မှာ စတင်ကျင်းပ


ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ ကုလသမဂ္ဂရဲ့ စည်းရုံးရေးမှူးက ၁၂ ရက်တာ ကျင်းပမယ့် ကိုပင်ဟေဂင် ညီလာခံဟာ ပြုပြင်လို့မရတဲ့ ကပ်ဘေး ဒုက္ခတွေကနေ ကမ္ဘာကြီးကို ကယ်တင်ဖို့ နောက်ဆုံးအခွင့်အရေး ဖြစ်တယ်လို့ တနင်္လာနေ့က ညီလာခံ ဖွင့်ပွဲမှာ ပြောကြားလိုက်ပါတယ်။

နိုင်ငံပေါင်း ၁၉၂ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်လာကြတဲ့ ဒီညီလာခံမှာ သိပ္ပံပညာရှင် အများစု ပြောနေကြတဲ့ ကမ္ဘာကြီး ပူနွေးလာမှုကို ဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချဖို့ စာချုပ်တခုကို သဘောတူ လက်မှတ်ရေးထိုးဖို့ ကြိုးစားကြမှာ ဖြစ်ပါတယ်။

ညီလာခံကို ဦးဆောင်တဲ့ ခေါင်းဆောင်တွေက ကမ္ဘာ့နေရာ တော်တော်များများမှာ မိုးခေါင် ရေရှားနေရတာ၊ တချို့ဒေသတွေမှာ ရေကြီးနေတာနဲ့ ပြင်းထန် ကြမ်းတမ်းတဲ့ မုန်တိုင်းတွေ ဖြစ်ပေါ်နေတာတွေနဲ့ ပတ်သက်လို့ သဘောတူညီချက်တခု ရနိုင်လိမ့်မယ်လို့ ပြောကြပါတယ်။

ကမ္ဘာကြီးပူနွေးမှု လျှော့ချရေးစာချုပ်ကို ချုပ်ဆိုတဲ့အခါ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချဖို့ ကိစ္စဟာ စီးပွားရေးကဏ္ဍရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ချိန်ခွင်လျှာ ညီမျှအောင် ကန့်သတ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဒီစာချုပ်ဟာ ပင်လယ်ပြင် မြင့်တက်မှုလို၊ ကမ္ဘာကြီး ပူနွေးလာမှုလို အပြောင်းအလဲတွေကို ရင်ဆိုင်သွားဖို့ ချမ်းသာတဲ့ နိုင်ငံတွေက ဆင်းရဲတဲ့ နိုင်ငံတွေကို လိုအပ်တဲ့ အကူအညီတွေ ပေးသွားကြဖို့လည်း ပါဝင်ပါတယ်။

နောက်လာမယ့် သီတင်းပတ် ဆွေးနွေးပွဲတွေမှာ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အပါအဝင် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ ၁၀၀ ထက်မနည်း တက်ရောက်ဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။

XS
SM
MD
LG