သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ် ဗုံးကွဲမှု လူ ၁၀၀ ကျော် သေဆုံး


အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော် တလွှားမှာ ကားဗုံးကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားပြီး လူပေါင်း ၁၁၈ ဦးမက သေဆုံးပြီး လူ ၄၀၀ ကျော် ဒဏ်ရာရရှိသွားပါတယ်။ ဒီနေ့ အင်္ဂါနေ့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေမှာ ပေါက်ကွဲမှု ၃ ခုက တခုနဲ့တခု မိနစ်ပိုင်းပဲခြားပြီး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဗုံးတလုံးကတော့ ဘဂ္ဂဒက် မြို့လယ်ကောင်က လူစည်ကားတဲ့ ဈေးတခုကို ဖောက်ခွဲခဲ့တာ ဖြစ်ပြီး ကျန်တဲ့ ၂ လုံးကတော့ ဘဂ္ဂဒက်မြို့တော် အရှေ့ပိုင်းက ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ အလုပ်သမား ဝန်ကြီးဌာနတို့နားမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဗုံးပေါက်ကွဲရာ နေရာတခုမှာတော့ အမည်းရောင် မီးခိုးလုံးကြီးတွေ ထွက်ပေါ်နေတာကို မြင်တွေ့ရပြီး မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေး လုပ်သားတွေ ကူညီကယ်ဆယ်ဖို့ ကြိုးပမ်းနေကြတာကို ရုပ်မြင်သံကြားမှာ ပြသပါတယ်။

အစောပိုင်းတုန်းကလည်း ဘဂ္ဂဒက်တောင်ပိုင်းမှာ ကင်းလှည့် ရဲကားတစီးကို အသေခံ ကားဗုံးခွဲခဲ့လို့ ရဲသား ၃ ဦးနဲ့ အရပ်သားတဦး သေဆုံးသွားပါတယ်။ တခြား ၅ ဦးလည်း ဒဏ်ရာတွေ ရသွားကြပါတယ်။

ဒီဗုံးခွဲ တိုက်ခိုက်မှုတွေကို အမေရိကန် အစိုးရက ရှုတ်ချ ပြောဆိုသွားပါတယ်။

ဒီနေ့ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ စည်ပင်ရုံးခန်း အပြင်ဘက်မှာ အောက်တိုဘာလကုန်ပိုင်းက ကားဗုံးခွဲခဲ့လို့ လူ ၁၅၀ ကျော် သေဆုံးခဲ့ရပြီးတဲ့ ဖြစ်ရပ်နောက်ပိုင်း အဆိုးရွားဆုံး တိုက်ခိုက်မှု ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG