သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမားရဲ့ အာဖဂန်နစ္စတန်ဆိုင်ရာ မဟာဗျူဟာ အောင်မြင်မှု တနှစ်အတွင်း အဖြေထွက်နိုင်


အာဖဂန်နစ္စတန်နိုင်ငံကို အမေရိကန် တပ်ဖွဲ့တွေ တိုးပြီး စေလွှတ်ခြင်းဖြင့် တာလီဘန်တွေရဲ့ တိုက်ခိုက်မှုအရှိန် လျော့သွားမလား ဆိုတာကို တနှစ်အတွင်း သိနိုင်လိမ့်မယ်လို့ အာဖဂန်ရှိ အမေရိကန် တပ်မှူးကြီးက ပြောဆိုလိုက်ပါတယ်။

သမ္မတ အိုဘားမား (Obama) ရဲ့ အာဖဂန်အရေး မဟာဗျူဟာသစ်ဟာ အောင်မြင်နိုင်တဲ့ အကြောင်းနဲ့ ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းကစပြီး တပ်ဖွဲ့တွေကို တဖြည်းဖြည်း လျှော့ချနိုင်လိမ့်မယ်လို့ ဗိုလ်ချုပ်ကြီး စတန်လေ မက်ခရစ်စ်တယ်လ် (General Stanley McChrystal) က အထက်နဲ့ အောက်လွှတ်တော် နှစ်ရပ် ပူးတွဲ ကြားနာပွဲမှာ အင်္ဂါနေ့က ထွက်ဆိုလိုက်ပါတယ်။

သမ္မတ အိုဘားမားက တပ်ဖွဲ့ဝင် ၃၀,၀၀၀ စေလွှတ်မယ့် အစီအစဉ်ကို သူ ထောက်ခံကြောင်းလည်း ဗိုလ်ချုပ်ကြီး မက်ခရစ်စ်တယ်လ်က ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ကားလ် အိုင်ကန်ဘာရီ (Karl Eikenberry) ကလည်း အာဖဂန်မှာ အမေရိကန်တွေ အောင်ပွဲခံဖို့ အာမ မခံနိုင်ပေမဲ့ နိုင်ခြေတော့ ရှိတယ်လို့ လက်နက်ကိုင်တပ်ဖွဲ့များ ရေးရာ အထက်နဲ့ အောက်လွှတ်တော် ပူးတွဲကော်မတီရဲ့ ကြားနာပွဲမှာ ထွက်ဆိုလိုက်ပါတယ်။

အာဖဂန်နစ္စတန် အစိုးရ အတွင်းမှာ အဂတိ လိုက်စားမှုတွေနဲ့ ပတ်သက်ပြီး ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် လွှတ်တော်အမတ်တွေက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ အာဖဂန်တပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးလည်း စိတ်မချ ဖြစ်နေကြတာ တွေ့ရပါတယ်။ ဒါကြောင့် ၂၀၁၁ ခုနှစ်မှာ အမေရိကန် တပ်ဖွဲ့တွေ စတင်ရုပ်သိမ်းမယ်ဆိုတဲ့ သမ္မတ အိုဘားမားရဲ့ အစီအစဉ်ပေါ်မှာလည်း စောဒက တက်နေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG