မြန်မာနိုင်ငံမှာ ကျောင်းသူလေးတဦး ဆေးကုမှားလို့ ဆုံးပါးသွားရတဲ့ ကိစ္စအတွက် တာဝန်ရှိသူ ဆရာဝန်တဦး အရေးယူခံလိုက်ရပါတယ်။ ဒါဟာ ဆေးကုသူဆရာဝန်ရဲ့ ပေါ့ဆမှု သက်သက်ပဲလား၊ ဒီလိုဖြစ်လာအောင် စနစ်ကများ ဖန်တီးပေးလိုက်တာလား ဆိုတာကို ဆွေးနွေးဖို့အတွက် ကနေဒါနိုင်ငံ Alberta တက္ကသိုလ်က ဒေါက်တာ ဒေါ်ခင်စောဝင်း၊ BMA မြန်မာ့သတင်းသမဂ္ဂက ဦးမောင်မောင်မြင့်တို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံပေးထားပါတယ်။