သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုးရီးယား လက်နက်လေယာဉ် ထိုင်းလေဆိပ်မှာ ဖမ်းမိ


မြောက်ကိုရီးယားကလာတဲ့ တန်ချိန် ၃၅ တန်ရှိတဲ့ လက်နက်တွေနဲ့အတူ ဒီလက်နက်တွေ သယ်ဆောင်လာတဲ့ ကုန်တင် လေယာဉ်ပေါ်က လူ ၅ ယောက်ကို ဖမ်းဆီးမိတယ်လို့ ထိုင်းသက်ဆိုင်ရာက ပြောပါတယ်။ လေယာဉ်ဟာ ဘန်ကောက် မြို့တော်က ဒုံမောင်း (Don Muang) လေဆိပ်မှာ ဆီဝင်ဖြည့်စဉ်မှာ ခုလို ဖမ်းဆီးမိတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ်ပေါ်မှာ မြောက်ကိုရီးယားနိုင်ငံလုပ် အာပီဂျီ (RPG) တွေ၊ မစ်ဇိုင်း ဒုံးလက်နက်တွေနဲ့ တခြား လက်နက်ကြီးတွေ အပြည့်ပါတယ်လို့ ရဲတာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် သတင်းတွေမှာ ဖော်ပြပါတယ်။ ဖမ်းမိသူ တွေဟာ ကာဇက်စတန် (Kazakhstan) နိုင်ငံက ၄ ယောက်နဲ့ ဘဲလားရု(ရှ်) (Belarus) နိုင်ငံက ၁ ယောက် တို့ ပါတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြောက်ကိုးရီးယားကလာတဲ့ ကုန်တင်လေယာဉ် ဘယ်နိုင်ငံကိုသွားမှာလဲ ဆိုတာ တိတိကျကျ မသိရသေးဘူးလို့ လေတပ် ပြောခွင့်ရသူ Montol Schookorn က ပြောပါတယ်။ ဖမ်းမိတဲ့ လက်နက်တွေကို ထိုင်းစစ်စခန်းတခုဆီရှိရာကို ပြောင်းရွှေ့ ထားလိုက်ပြီလို့ အစိုးရ ပြောခွင့်ရသူက ပြောပေမဲ့ အသေးစိတ်ကို ထုတ်ဖော်မပြောပါဘူး။ မြောက်ကိုရီးယား ကနေ လက်နက်တင်ပို့ ရောင်းချနေတာနဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ကုလသမဂ္ဂက ချမှတ်ထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG