သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်မှာ လူ၃၀ကျော် ထောင်ဖောက်ပြေး


ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက ပြည်နယ် အကျဉ်းထောင်တခုကို တနင်္ဂနွေနေ့ အရုဏ်တက်မတိုင်မီ အချိန်မှာ အစ္စလမ်သူပုန်တွေ ဖောက်ထွက်ပြီး အကျဉ်းသား ၃၁ ဦး လွတ်မြောက်သွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘာစလန်ကျွန်း (Basilan) ပေါ်က အကျဉ်းထောင်မှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ထောင်စောင့်တဦး သေဆုံးကာ တိုက်ခိုက်မှုလုပ်လာတဲ့ အကျဉ်းသား တယောက်လည်း သေသွားပါတယ်။

၂၀၀၇ ခုနှစ် ဘာစလန်ကျွန်းပေါ်မှာ စစ်သား အမြောက်အမြားကို ခေါင်းဖြတ်သတ်ပစ်မှုနဲ့ အဖမ်းခံထားရတဲ့ မိုရို အစ္စလာမ်မစ် တပ်ဦးအဖွဲ့က ခေါင်းဆောင် ၂ ဦးလည်း ထွက်ပြေး လွတ်မြောက်သွားသူတွေထဲမှာ ပါဝင်ပါတယ်။

ထွက်ပြေးသွားသူတွေထဲမှာ အယ်လ်ကိုင်းဒါး ကွန်ယက်နဲ့ ဆက်စပ်မှုရှိတဲ့ အဘူဆာယက်ဖ် အစွန်းရောက် အဖွဲ့ဝင်တွေ ပါဝင်သလား၊ မပါဝင်ဘူးလား ဆိုတာတော့ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG