ဒိန်းမတ်နိုင်ငံ ကိုပန်ဟယ်ဂန်မှာ ကျင်းပနေတဲ့ ကမ္ဘာ့ရာသီဥတု ပူနွေးလာမှုနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ညီလာခံကို သမ္မတအိုဘားမား တက်ရောက်ဖို့ ရှိပါတယ်။ ဒီညီလာခံမှာ သမ္မတအိုဘားမားအနေနဲ့ ကွန်ဂရက်စ်ရဲ့ သဘောတူညီမှု မရဘဲ ဘယ်လို ကတိက၀တ်တွေမှ မပေးသင့်ဘူးဆိုပြီး ရီပတ်ဗလစ်ကန် အမတ်တချို့က ဝေဖန်နေကြပါတယ်။ ဒီတပတ် အမေရိကန် နိုင်ငံရေးအကြောင်း သိကောင်း စရာ အစီအစဉ်မှာ ကိုသိန်းထိုက်ဦးနဲ့ ဒေါ်ခင်စိုးဝင်းတို့ တင်ပြထားပါတယ်။