သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုပင်ဟေဂင် ညီလာခံမှာ အာဖရိက ကိုယ်စားလှယ်တွေ မကျေမနပ်ဖြစ်ကြ


ကိုပင်ဟေဂင်မြို့မှာ ကျင်းပနေတဲ့ ရာသီဥတု ပြောင်းလဲမှု ညီလာခံကနေ အာဖရိက ကိုယ်စားလှယ်များက ကမ္ဘာကြီး ပူနွေးလာမှု စာချုပ်ကို ပျက်ပြားအောင်၊ သဘောတူညီချက် အသစ်တရပ် အားနည်းအောင် ချမ်းသာတဲ့ နိုင်ငံများက လုပ်ဆောင်နေကြတယ် ဆိုပြီး ညီလာခံက ခဏ ထွက်ခွာသွားပြီးနောက် အခု ညီလာခံ ပြန်တက်လာကြပါပြီ။

သူတို့ရဲ့ တင်ပြချက်တွေကို နားထောင်ပါ့မယ်လို့ တာဝန်ခံများက အာမခံလိုက်ပြီးနောက် ၂၀၁၂ ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မယ့် ကျိုတိုစာချုပ် သက်တမ်း တိုးပေးရေးလည်း စဉ်းစားပါ့မယ်လို့ တာဝန်ခံများက အာမခံ ပြောကြားပါတယ်။

ကျိုတိုစာချုပ်က ချမ်းသာတဲ့ နိုင်ငံများ အနေနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ဖြတ်တောက်ရမယ်လို့ ဆိုထားပြီး ဆင်းရဲနိုင်ငံများနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံများကိုတော့ ကင်းလွတ်ခွင့် ပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG