သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ ငှက်ဖျားတိုက်ဖျက်ရေး အောင်မြင်မှုရ


ငှက်ဖျားတိုက်ဖျက်ရေးကို တချို့နိုင်ငံတွေက ထိထိရောက်ရောက်နဲ့ အောင်အောင်မြင်မြင်ဖြစ်အောင် လုပ်ဆောင်နိုင်ကြပြီလို့ ဒီကနေ့ ထုတ်ပြန်တဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၂၀၀၉ ခုနှစ် ငှက်ဖျားရောဂါ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း ငှက်ဖျားရောဂါကို အမြစ်ပြတ်အောင် ရှင်းပစ်ဖို့က ငွေကြေးအကူအညီတွေ ပိုလိုအပ်နေတယ်လို့ WHO အဖွဲ့က ပြောပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ် အတွင်းမှာ ခြင်ကနေဖြစ်တဲ့ ဖျားနာမှုတွေကို ၃၉ နိုင်ငံက ၅၀% အထိ လျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အင်းဆက်ပိုးမွှားရန်က ကာကွယ်နိုင်မယ့် ခြင်ထောင်သုံးစွဲမှုတွေနဲ့ ငှက်ဖျားဆေးတွေလည်း တော်တော် ပျံ့နှံ့နေတာကို တွေ့ရတဲ့အကြောင်း၊ တိုးတက်မှုတွေ ပိုရဖို့အတွက် ရန်ပုံငွေကို WHO အနေနဲ့ တိုးမြှင့် သုံးစွဲခဲ့ရကြောင်း၊ ၂၀၀၉ ခုနှစ်မှာ ငှက်ဖျားတိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ သုံးစွဲခဲ့ရကြောင်း၊ ဒါဟာဆိုရင် အရင်နှစ်ကထက် ၈၂% တိုးမြှင့်သုံးစွဲခဲ့တာ ဖြစ်တယ်လို့ WHO က ပြောပါတယ်။

ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် တနှစ်ကို ဒေါ်လာ ၅ ဘီလီယံ လိုအပ်တယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ငှက်ဖျားရောဂါပိုး ပျံ့နှံ့နေတဲ့ တိုင်းပြည်တွေကလည်း အများအပြား ရှိနေတုန်းပဲဖြစ်ပြီး အဲဒီနိုင်ငံတွေမှာက ငှက်ဖျားတိုက်ဖျက်ရေးအတွက် တော်တော်ရုန်းကန်နေရတယ်လို့ WHO အရာရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက ကမ္ဘာတဝန်းမှာ ငှက်ဖျားရောဂါ ဖြစ်ပွားမှု သန်းပေါင်း ၂၄၀ ကျော် ရှိခဲ့ပြီး ဒီရောဂါကြောင့် သေဆုံးခဲ့သူ ၈၆၃,၀၀၀ ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG