ဒီဇင်ဘာ ၉၊ ၂၀၀၉။ ကမ္ဘာအဝှမ်း အေစ့်တိုက်ဖျက်ရေးလုပ်ငန်းတွေ လုပ်လာခဲ့တာ အခုဆို နှစ် ၃၀နီးပါး ရှိလာပါပြီ။ အခက်အခဲတွေ အကဲစမ်းချက်တွေ ရိုးရာဓလေ့ဆိုင်ရာအနှောင့်အတားတွေ အမျိုးမျိုးကြားကပဲ အောင်မြင်မှုတွေကတော့ တစုံတရာ အတိုင်းအတာရှိခဲ့တယ်လို့ အေ့စ်ရောဂါ တိုက်ဖျက်ရေးဆောင်ရွက်နေတဲ့ လူထုကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ယူဆပါတယ်။ နှစ် ၃၀ နီးပါးကြာ အေ့စ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွေအတွင်း ရင်ဆိုင်ရတဲ့ အကြပ်အတည်းအခက်အခဲတွေကို ဒီအပတ် ကျန်းမာရေးအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
အမေရိကန်ပြည်ထောင်စု ဂျွန်ဟောကင်းတက္ကသိုလ် လူထုကျန်းမာရေးဌာနက ဒေါက်တာရဲမွန်မြင့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
နားဆင်ရန်