သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဗဟိုအလုပ်အမှုဆောင် ပြန်လည်ဖွဲ့စည်းမည်


နေအိမ်အကျယ်ချုပ်ထိမ်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦအောင်ရွှေအပါအဝင် ကျန်းမာရေး မကောင်းတဲ့အဖွဲ့ချုပ် ခေါင်းဆောင်သုံးဦးနဲ့ ဒီဇင်ဘာလ ၁၆ရက်နေ့မှာ အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံ ဂါဝရ ပြုခွင့်ရခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တိုးချဲ့ဖွဲ့စည်းဖို့ ဒေါ်အောင်ဆန်းစုကြည်ဖက်က ဆွေးနွေးချက်အပေါ်မှာ ကျန်ခေါင်းဆာင်သုံးဦးစလုံးကလည်း သဘောတူညီခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိရပ်တည်ဆောင်ရွက်ချက်တွေအပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရော စီအာပီပီ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီကပါ ထောက်ခံတဲ့အကြောင်း ခေါင်းဆောင်သုံးဦးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်အားပေးခဲ့ပါတယ်။

နိုဝင်ဘာလ ၁၁ရက်နေ့ရက်စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကနေ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးသန်းရွေကို ပေးစာပါတောင်းဆိုချက်တွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာမကျန်းဖြစ်နေတဲ့ခေါင်းဆောင်သုံးဦးကို သွားရောက်ဂါဝရပြုခွင့်ပေးဖို့ဆိုတာ ပါဝင်ပါတယ်။
NLD ပါတီရဲ့ သက်ကြီးပိုင်း ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ပါတီ အတွင်းရေးမှူး ဦးလွင်နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလွန်းတင်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခွင့် ရခဲ့တဲ့အတွက် အမေရိကန် ပြည်ထောင်စုက ကြိုဆိုတဲ့အကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ အီယန် ကယ်လီ (Ian Kelley) က ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG