သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခမာနီဟောင်း ခီယူဆန်ဖန် ကို စွဲချက်တင်


ကုလသမဂ္ဂရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့ ကမ္ဘောဒီယားနိုင်ငံမှာ ပြုလုပ်နေတဲ့ စစ်ရာဇဝတ်မှုခုံရုံးက လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ခမာနီ ခေါင်းဆောင်ဟောင်းကို စွဲချက်တင်လိုက်ပါတယ်။ ဒါဟာ သီတင်းတပတ်အတွင်း (၃) ယောက်မြောက် စွဲချက်တင်ခံရခြင်း ဖြစ်ပါတယ်။

ခမာနီခေါင်းဆောင်ဟောင်း ခီယူဆန်ဖန် (Khieu Samphan) ကို ကုလသမဂ္ဂက ကျောထောက် နောက်ခံပေးထားတဲ့ ရာဇဝတ်ခုံရုံးက တရားသူကြီးက သောကြာနေ့မှာ စွဲချက်တင်လိုက်တာ ဖြစ်တယ်လို့ တရားရုံး ပြောခွင့်ရပုဂ္ဂိုလ် လားစ် အိုလ်ဆန် (Lars Olsen) က ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ကတော့ ခမာနီအဖွဲ့ဲရဲ့ အတွေးအခေါ်သမားလို့ သတ်မှတ်ထားကြတဲ့ နုံချာ (Noun Chea) နဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း အီရန်ဆရီ (Ieng Sary) တို့ကို ပထမဆုံးအကြိမ် လူတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက ချမ် (Cham) တိုင်းရင်းသားတွေနဲ့ ဗီယက်နမ်မျိုးနွယ်တွေကို သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်မှုနဲ့ သူတို့ ၃ ယောက်စလုံးကို စွဲချက်တင်လိုက်တာပါ။ မူဆလင်ဘာသာဝင် အများစုဖြစ်တဲ့ ချမ်တိုင်းရင်းသားတွေဟာ ခမာနီ အုပ်ချုပ်မှုကို တက်တက်ကြွကြွ တွန်းလှန်ခဲ့ကြပါတယ်။ သူတို့အပေါ် တန်ပြန်တိုက်ခိုက်သူတွေကို ခမာနီတွေက ရက်စက် ကြမ်းကြုတ်စွာ ချေမှုန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG