သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ဒုသမ္မတ မြန်မာနိုင်ငံရောက်


အရှေ့အာရှ လေးနိုင်ငံကို ခရီးထွက်လာတဲ့ တရုတ် ဒု သမ္မတ ရှီကျင်ပင်း (Xi Jimping) ဟာ တောင်ကိုရီးယားနိုင်ငံကနေ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ဒီကနေ့ ရောက်ရှိလာခဲ့သလို မြန်မာစစ်အစိုးရက လုံခြုံရေးတွေ တင်းကျပ်စွာ ချထားပါတယ်။ ဒုသမ္မတ ရှီၤကျင်ပင်း ဟာ ရန်ကုန်မြို့မှာ ကျောက်မျက်ရတနာ ပြခန်းနဲ့ ရွှေတိဂုံစေတီတို့ကို သွားရောက်ခဲ့ပြီးတော့ ညနေပိုင်း မှာတော့ နေပြည်တော်ကို ခရီးဆက်ခဲ့ပါတယ်။

ဒု သမ္မတ ဟာ နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတော့ နှစ်နိုင်ငံ သဘောတူညီချက်တွေကိုလည်း လက်မှတ်ထိုးကြမယ်လို့ တရုတ်အရာရှိတွေက ပြောပါတယ်။ ဘယ်လို သဘောတူညီချက်တွေလဲ ဆိုတာတော့ အသေးစိတ် မသိကြရသေးပါဘူး။

မစ္စတာ ရှီကျင်ပင်း ဟာ မနက်ဖြန်မှာ မြန်မာနိုင်ငံကနေ ကမ္ဘောဒီးယားနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG