သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ရေနံမြေကနေ အီရန်စစ်တပ် ဆုတ်ခွာ


အီရန်နဲ့ အီရတ်နယ်ခြားက အငြင်းပွားနေတဲ့ ရေနံမြေကနေ အီရန်တပ်ဖွဲ့တွေ ပြန်လည်ရုပ်သိမ်းသွားခဲ့ပါပြီ။ ဒါပေမဲ့လည်း တပ်တွေဟာ မူလအခြေစိုက်ရာ နေရာတွေကို ပြန်သွားတာ ဟုတ်မဟုတ် ဆိုတာကတော့ သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။

အီရန်တပ်ဖွဲ့တွေဟာ အလံချပြီး ရေနံတွင်းတွေ ရှိရာကနေ ပြန်လည် ထွက်ခွာသွားတဲ့အကြောင်း၊ ဒါပေမဲ့ အီရတ် နယ်နိမိတ်ထဲမှာပဲ ရှိနေသေးတယ်ဆိုပြီး အီရတ်အစိုးရ ပြောခွင့်ရသူ အလီ အယ်လ်-ဒတ်ဘာ့ဂ် (Ali al-Dabbagh) က မနေ့တုန်းကပဲ ပြောဆိုခဲ့တာပါ။

အီရန်အစိုးရပိုင် ရုပ်မြင်သံကြားကတော့ အမည်ဖော်ပြထားခြင်း မရှိတဲ့ အီရန်အရာရှိတဦးကို ကိုးကားပြီး တပ်တွေဟာ မူလအခြေစိုက်ရာ နေရာတွေကို ပြန်သွားကြပြီဆိုပြီး ဖော်ပြခဲ့တာပါ။

မေစန် (Maysan) ပြည်နယ်ထဲက အယ်လ်-ဖတ်ခါ (al-Fakkah) ရေနံမြေက တွင်းအမှတ် ၄ ကို အီရန်စစ်သား ၁၁ ယောက်က သောကြာနေ့တုန်းက ဝင်ရောက်စီးနင်း ထိန်းချုပ်ခဲ့ပြီး စနေနေ့ညပိုင်းအထိ ရှိနေခဲ့တာလို့ အီရတ်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

စနေနေ့ ညနေပိုင်းမှာတော့ ၂ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေက ဒီကိစ္စနဲ့ ပတ်သက်လို့ တယ်လီဖုန်းကတဆင့် ဆွေးနွေးခဲ့ကြပါတယ်။ ဒီဒေသမှာ ၂ နိုင်ငံ နယ်နိမိတ် သတ်မှတ်ရေး အီရန်နဲ့ အီရတ် ပူးတွဲ ကော်မတီတရပ်က ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG