သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် ဘာသာရေးခေါင်းဆောင် ဈာပန အစိုးရဆန့်ကျင် ဆန္ဒပြမှု အသွင်ပြောင်း


အီရန်နိုင်ငံမှာ အစိုးရနဲ့ သဘောထား ကွဲလွဲသူ ဘာသာရေး ပညာရှင်ကြီးရဲ့ ဈာပနကို ကြေကွဲသူတွေ သိန်းနဲ့ချီ လိုက်လံပို့ဆောင်ကြရင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ ဖြစ်ပွားသွားကာ အာဏာရှင် ကျဆုံးပါစေ အပါအဝင် အတိုက်အခံ ကြွေးကြော်သံများ အော်ဟစ်ကြပါတယ်။

အီရန် ပြုပြင်ပြောင်းလဲရေး ဝါဒီတို့က သူတို့ရဲ့ ဘာသာရေး နာယကကြီးလို့ မှတ်ယူထားတဲ့ ဂရမ်းဒ် အယာတိုလာ ဟူစိန် အာလီ မွန်တာဇာရီ (Grand Ayatollah Hossein Ali Montazeri) အသက် ၈၇ နှစ်အရွယ် တနင်္ဂနွေနေ့ အရုဏ်တက်မှာ ကွယ်လွန်သွားလို့ ကွမ်မြို့ (Qom) ဗိမာန်မှာ မြေမြှုပ်သဂြုႋဟ်ရာသို့ သွားရောက် စုရုံး ဂါရဝပြုကြတာ ဖြစ်ပါတယ်။

ဒီနှစ်ဆန်းက အငြင်းပွားဖွယ် ရွေးကောက်ပွဲနဲ့ သမ္မတ မာမွတ်ဒ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) ပြန်အရွေးခံရတဲ့ကိစ္စ ကန့်ကွက် ဆန္ဒပြသူများအပေါ် အစိုးရက နှိပ်ကွပ်တာနဲ့ ပတ်သက်ပြီး အဲဒီ ဘာသာရေး ပညာရေး ပညာရှင်ကြီးက ပြစ်တင် ရှုတ်ချခဲ့ပါတယ်။

သမ္မတ အမာဒီနီဂျက်ဒ်နဲ့ ဝင်ပြိုင်ခဲ့သူ အတိုက်အခံ မီယာ ဟူစိန် မူဆာဗီ (Mir Hossein Mousavi) ဈာပနက တီဟီရန်မြို့ကို အပြန် မော်တော်ဆိုင်ကယ်ပေါ်က လူတွေက သူ့ကားကို တိုက်ခိုက်တဲ့အတွက် စီးနင်းလိုက်ပါသူတဦး ဒဏ်ရာရသွားတယ်လို့ အတိုက်အခံ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အခမ်းအနားသို့ နိုင်ငံခြားမီဒီယာများ သတင်းယူခွင့် မပြုတဲ့အတွက် သတင်းအချက်အလက်များ အတည်ပြုလို့ မရနိုင်သေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG