သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေမူကြမ်း အမေရိကန် အထက်လွှတ်တော်မှာ အတည်ပြုလုနီး


အမေရိကန် ပြည်ထောင်စု ဒီမိုကရက် အထက်လွှတ်တော် အမတ်တွေက ကျန်းမာရေး စောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး ဥပဒေကို ဒီဇင်ဘာလ ၂၅ ရက် အလုပ်အားလပ်ရက် မတိုင်ခင်မှာ တရားဝင် အတည်ပြုနိုင်ရေးအတွက် ဆက်ပြီး ကြိုးစားနေကြဆဲ ရှိပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး အချေအတင် ဆွေးနွေးနေတာတွေကို အဆုံးသတ်ဖို့ တနင်္လာနေ့က လွှတ်တော်ထဲမှာ မဲပေး ဆုံးဖြတ်ခဲ့ကြပါတယ်။

ခရစ္စမတ် အကြိုနေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာတော့ အငြင်းပွားဖွယ်ရာ ဥပဒေပြုရေး ငြင်းခုံဆွေးနွေးမှုတွေကနေ မဲခွဲဆုံးဖြတ်နိုင်တဲ့ နောက်ဆုံးအဆင့်ကို ရောက်လာဖို့ မျှော်လင့်နေကြပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုဟာ အမေရိကန် ပြည်ထောင်စုအတွက် ပထမဦးစားပေး ဖြစ်တယ်ဆိုတဲ့ အချက်က ရွေးကောက်ပွဲ မဲဆွယ်ရာမှာ သမ္မတ အိုဘားမားအတွက် ကြီးမားတဲ့ အောင်မြင်မှုကို ရရှိစေခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် ဆရာဝန်များ အသင်းက သူတို့အနေနဲ့ လွှတ်တော်ရဲ့ ဥပဒေမူကြမ်းကို ထောက်ခံတယ်လို့ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။ ဆရာဝန်များ အသင်းရဲ့ ရွေးကောက်ခံ ဥက္ကဋ္ဌ ဒေါက်တာ ဆီဆယ်လ် ၀ီလ်ဆန် (Dr. Cecil Wilson) က အဲဒီကြေညာချက်ကို ထိပ်သီး ဒီမိုကရက် လွှတ်တော်အမတ်တွေနဲ့ အတူရပ်ရင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

အထက်လွှတ်တော်အမတ် ခရစ်စ် ဒေါ့က အဖွဲ့အစည်းအားလုံးက အဲဒီမူကြမ်းကို ထောက်ခံကြကြောင်းနဲ့ အမေရိကန် ဆရာဝန်များ အသင်းရဲ့ ထောက်ခံမှုက အရေးအကြီးဆုံးဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG