သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား သဘောတူညီချက် အချိန်သတ်မှတ်မှု အီရန်သမ္မတ ပယ်ချ


အီရန်နိုင်ငံရဲ့ နျူကလီးယားဆိုင်ရာ ကြိုးပမ်းမှုတွေအပေါ်မှာ စိုးရိမ်ပူပန်နေကြတာတွေကို လျော့ပါးအောင် ရည်ရွယ် လုပ်ဆောင်တဲ့ နျူကလီးယားလောင်စာ သဘောတူညီချက်ကို လက်ခံဖို့ အမေရိကန်က သတ်မှတ်ပေးထားတဲ့ ရက်ကို အီရန်သမ္မတ မာမွတ်ဒ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) က ပယ်ချလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုက ဒီလိုမျိုး နောက်ဆုံးရက် သတ်မှတ်ပေးနိုင်တဲ့ အဆင့်မှာ မရှိပါဘူး၊ အမေရိကန် အရာရှိတွေ သူတို့ရဲ့ ပြောဆို ပြုမူပုံတွေကို ပြောင်းပစ်ရမယ်လို့ အီရန်နိုင်ငံ တောင်ပိုင်းက ရှီရတ်ဇ် (Shiraz) မြို့မှာ မစ္စတာ အမာဒီနီဂျက်ဒ် ပြောသွားတာ ဖြစ်ပါတယ်။

အီရန်ဟာ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ဖို့ မလုပ်ဆောင်နိုင်ပါဘူးလို့ သမ္မတက ပြောသွားပြီး အီရန်က နျူကလီးယားလက်နက် တည်ဆောက်နေတယ် ဆိုရင်လည်း ဗြောင်ဖွင့်ပြောရဲပါတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အီရန်ကို အရေးယူပိတ်ဆို့မှု အသစ်တွေ မပြုလုပ်ခင် ဒီနှစ်ကုန်မှာ အီရန်နဲ့ သံတမန်ရေး ကြိုးပမ်းမှုကို ပြန်သုံးသပ်မယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောပါတယ်။

အီရန်ဟာ သူ့ရဲ့ ယူရေနီယမ် သတ္တုတွေကို ၇၀% ထပ်ပြီး သန့်စင်ဖို့ နိုင်ငံခြားကို တင်ပို့ရမယ့် IAEA နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီက ထောက်ခံတဲ့ အစီအစဉ်ကို လက်ခံဖို့ ငြင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG