သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ် ၃၀ ကြာ AIDS တိုက်ဖျက်ရေးအခြေအနေ အပိုင်း(၂)


ဒီဇင်ဘာ ၁၆၊ ၂၀၀၉။ ကမ္ဘာအဝှမ်း အေစ့်တိုက်ဖျက်ရေးလုပ်ငန်းတွေ နှစ် ၃၀နီးပါး ရှိလာချိန်မှာ အောင်မြင်မှုတွေ တစုံတရာ ရလာပေမယ့် အခက်အခဲတွေကတော့ ရင်ဆိုင်နေရဆဲပါ။ ရောဂါတိုက်ဖျက်ရေးအတွက် ငွေကြေးရံပုံငွေမလုံလောက်မှု၊ ရောဂါနဲ့ပတ်သက်လို့ပညာဗဟုသုတတွေကျယ်ပြန့်လာပေမယ့် လက်တွေ့ကျင့်သုံးရာမှာအားနည်းမှု၊ ရိုးရာဓလေ့အခံ ဆေးမလောက်ငှမှု စသဖြင့် ကြုံရဆဲပါ။

ဒါပေမယ့် ရောဂါကာကွယ်ဆေးသုတေသနလုပ်ငန်းတွေမှာတော့ ရောဂါတိုက်ဖျက်ရေးအတွက် မျှော်လင့်ချက်သန်းလာသလို၊ ရောဂါသည်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေလည်း အရင်ကလောက် ရှိမလာတော့ဘူးလို့ ရောဂါတိုက်ဖျက်ရေးဆောင်ရွက်သူတွေက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု ဂျွန်ဟောကင်းတက္ကသိုလ် လူထုကျန်းမာရေးဌာနက ဒေါက်တာရဲမွန်မြင့်ကို ဒီအကြောင်း ဆက်သွယ်မေးမြန်းရာမှာ ရောဂါကာကွယ်ဆေးအခြေအနေနဲ့ပတ်သက်လို့ ရှင်းပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG