တရုတ်အစိုးရနဲ့ သဘောထားကွဲလွဲတဲ့နေရာမှာ နံမည်ကြီးတဲ့ ပါမောက္ခ လူကျောင်းဘို (Liu Xiaobo) ကို နိုင်ငံတော်ကို ထိပါးနှောက်ယှက်မှုနဲ့ ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ပါတယ်။ ပါမောက္ခ လူ က ကွန်မြူနစ်ပါတီ ကြီးစိုးမှုကို တရုတ်ပြည်မှာ အဆုံးသတ်ရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အကြီးအကျယ် လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တဲ့သူပါ။
Charter - 08 လို့ ခေါ်တဲ့ ပြဋ္ဌာန်းချက် အမှတ် (၈) ကို လူတွေ ထောင်နဲ့ချီ ထောက်ခံတဲ့အကြောင်း လက်မှတ်တွေ ရေးထိုးခဲ့ကြပါတယ်။ ဒီကနေ့တရားရုံးမှာ သူ့ကို စီရင်ချက်ချတဲ့အခါ အစိုးရရှေ့နေတွေက ပါမောက္ခ လူ ဟာ ပြစ်မှုကြီးတွေကို ကျူးလွန်ခဲ့တဲ့သူလို့ စွပ်စွဲခဲ့ကြပါတယ်။