လာမယ့် ၂၀၁၀ ခုနှစ်မှာ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားခဲ့တဲ့အတွက် ရှေ့နှစ် မြန်မာပြည်ရဲ့ နိုင်ငံရေး အလားအလာတွေအပေါ် မေးခွန်းထုတ်သူတွေ၊ မျော်လင့်ချက်နဲ့ စိတ်လှုပ်ရှားသူတွေ ရှိနေပါတယ်။ ၂၀၀၉ ခုနှစ်အတွင်းမှာတော့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒ အပြောင်းအလဲအပြင် နိုင်ငံတကာရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စိုးရိမ်တကြီး ထုတ်ဖေါ်ပြောဆိုတာတွေ တော်တော်များများ ကြားရပါတယ်။ ပြည်တွင်းမှာလည်း နိုင်ငံရေး ဖြစ်စဉ်တွေ အများအပြား ရှိခဲ့ပါတယ်။ ကိုသိန်းထိုက်ဦး တင်ပြပေးထားပါတယ်။