ကမ္ဘာကြီးပူနွေးလာတာဟာ လူသားတွေလုပ်လို့မဟုတ်ဘဲ သဘာဝအရ ပူနွေးလာတာ
သာဖြစ်တယ်လို့ ငြင်းချက်ထုတ် ပြောဆိုတာတွေရှိပါတယ်။ ပတ်ဝန်းကျင်ရေးရာ
လှုပ်ရှားသူတွေနဲ့ သိပ္ပံပညာရှင်တချို့က ဒီကိစ္စကို အလွန်အကျွံ ပုံကြီးချဲ့ပြောဆိုနေကြ
တာသာဖြစ်တယ်လို့ အဲဒီလိုငြင်းချက်ထုတ်သူတွေကပြောပါတယ်။ သူတို့တွေက
ကမ္ဘာကြီးပူနွေးတယ်ဆိုတဲ့အပေါ် အဓိက ငြင်းကြတာမဟုတ်ဘဲ အဲဒီလိုပူနွေးတာဟာ
လူသားတွေရဲ့ စက်မှုကုန်ထုတ်လုပ်ငန်းတွေကနေ ထုတ်လွှတ်လိုက်တဲ့ CO2 ခေါ်
ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကြောင့် ဖြစ်တယ်ဆိုတဲ့အချက်ကို အဓိကငြင်းဆန်
ကြတာပါ။
ဒီသီတင်းပတ်ရဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍမှာ ကမ္ဘာကြီးပူနွေးလာတဲ့အပေါ် အငြင်းပွားနေ
ကြတာတွေနဲ့ပတ်သက်ပြီး တင်ပြထားပါတယ်။