သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထင်ရှားတဲ့ အီရန် တက်ကြွလှုပ်ရှားသူ ၅ ဦး ဖမ်းဆီးခံရ


အီရန်နိုင်ငံမှာ အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေကို အစိုးရက နောက်ထပ် နှိမ်နင်းမှုတွေ လုပ်နေတာမှာ ထင်ရှားတဲ့ ပြုပြင်ပြောင်းလဲရေးသမား ၅ ယောက်ထက် မနည်းကို ဖမ်းဆီခဲ့တယ်လို့ အီရန် အတိုက်အခံတွေက ပြောပါတယ်။

အတိုက်အခံခေါင်းဆောင် မီယာ ဟူစိန် မူဆာဗီ (Mir Hossein Mousavi) ရဲ့ အကြံပေး ၃ ယောက် ဒီနေ့ တနင်္လာနေ့မှာ အဖမ်းခံရပြီး အဲဒီထဲမှာ ထိပ်တန်းအကြံပေး အလီ ရီဇာ ဘီဟက်ရှ်တီ (Ali Riza Beheshti) လည်း ပါတယ်လို့ အစိုးရဆန့်ကျင်တဲ့ ဝက်ဘ်ဆိုက်တွေပေါ်မှာ ရေးထားပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူ အီမတ်ဒ် ဘက်ဂီ (Emad Baghi) နဲ့ လွန်ခဲ့တဲ့ အနှစ် ၃၀ အစ္စလမ် တော်လှန်ရေးအပြီး တက်လာတဲ့ အစိုးရမှာ နိုင်ငံခြားရေး ဝန်ကြီးဟောင်းလည်းဖြစ်၊ အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူလည်းဖြစ်တဲ့ အီဘရာဟင်မ် ယက်ဇ်ဒီ (Ebrahim Yazdi) တို့လည်း ဖမ်းဆီးခံရတယ်လို့ ဝက်ဘ်ဆိုက်တွေက ရေးပါတယ်။

အာရှူရာ (Ashura) ဘာသာရေးပွဲတော် အထွတ်အမြတ်နေ့ တနင်္ဂနွေနေ့မှာ အစိုးရဆန့်ကျင် ဆန္ဒပြသူ ၈ ယောက် သေဆုံးခဲ့တယ်လို့ အစိုးရ ရုပ်သံပေါ်ကနေ ထုတ်လွှင့်ပြသပါတယ်။ ဆန္ဒပြသူတွေကို လက်နက်ကိုင် လုံခြုံရေးတွေက ပစ်ခတ်တယ်ဆိုတဲ့ အတိုက်အခံတွေရဲ့ အပြောကို ရဲက ငြင်းဆန်ပါတယ်။

သေဆုံးသွားသူတွေထဲမှာ မစ္စတာမူဆာဗီရဲ့ တူတော်စပ်သူလည်း ပါပါတယ်။ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ အလီ မူဆာဗီ (Ali Musavi) ရဲ့အလောင်း တီဟီရန် ဆေးရုံကနေ ပျောက်သွားတယ်လို့ အလီ မူဆာဗီရဲ့ ညီအကိုတော်သူက ဗွီအိုအေကို ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG